စာစဉ် ၂၁ ( ၁၇ + ၁၈ )
9.8K 926 6
Book.              :   21
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၁၊ အခန်း ၁၇။ ထိန်းချုပ်နိုင်စွမ်း လုံးဝ လွတ်သွားပြီ
လျိုယင် ညီးတွားကာ ထရပ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။ တစ်ချိန်တည်းမှာပင် စုန့်ကျင်းသည် တိုက်ခိုက်ဖို့ရာ မ၀ံ့ရဲတော့သည်မို့ သူတို့နှစ်ဦးသား သူမလေးအား အတူတကွ တိုက်ခိုက်ကြတော့၏။
ဘာတွေဖြစ်နေသလဲဆိုသည်ကို သူတို့နှစ်ဦးစလုံး မသိပါသော်လည်း သူတို့သေချာသိနေသည်ကတော့ ရီဝမ်ဝမ်၏ကြောက်စရာကောင်း လှသည့် တိုက်ခိုက်ရေးစကေးတို့နှင့်ဆိုလျှင် သူတို့ လက်လျှော့လိုက် မိသည်နှင့် စက္ကန့်ပိုင်းအတွင်း သေသွားနိုင်သည်ဆိုတာ ။
သို့သော်၊ သူတို့ တိုက်ခိုက်လျှင်…
သူတို့အဖို့ သေခြင်းတရားကို ဆွဲဆန့်နိုင်ကောင်းနိုင်ပေလိမ့်မည်…
ဘားတွင် နေရာတစ်ခုလုံးအား မွစာကြဲအောင်လုပ်ပစ်ခဲ့သည့် မိန်းကလေးအား ကြည့်လို့နေကြရင်း တချို့သည် ပုန်းကွယ်ထွက်ပြေး သွားကြသလို တချို့သည်ကား ကြောက်လန့်လျက် နေရာတွင်ပင် ကျောက်ရုပ်ကြီးပမာ ရပ်နေကြကုန်ပြီ….
သွေးတို့ဖြင့် လွှမ်းနေသည့် ထိုယောကျာ်းနှစ်ယောက်တွင် ၊ တစ်ယောက်သည်ကား တော်တော်လေး အစွမ်းရှိဟန်ပေါ်၏…
ဒီအခိုက်၊ တံခါးဝကနေ ခြေလှမ်းသံတို့ကို
ရုတ်တရက် ကြားလိုက်ရတော့သည် ။
အီလဲဗင်း နှင့် ရွှီရီ တို့ အပြေးအလွှားရောက်ရှိလာကြခြင်းပင် ။
သို့သော် သူတို့ မြင်လိုက်၇သည်ကား ဘားတစ်ခုလုံး အတိဒုက္ခရောက်လို့နေလျက် ကြမ်းပြင်ပေါ်တွင်လည်း
ဘော်ဒီဂတ်တို့ လဲနေကြခြင်းတည်း။
စုန့်ကျင်းသည် အသက်ကို မျှင်းမျှင်းရှူရှိုက်နေကာ ကြမ်းပေါ်လဲနေ ခိုက်၊ လျိုယင်၏သွေးတို့လိမ်းကျံနေသည့်ကိုယ်သည် ချောမွတ်ပြီး အားနွဲ့သည့် ပုံရိပ်လေးတစ်ခု၏အကန် ခံလိုက်ရကာ လွင့်ပျံသွား တော့သည်။ သူသည်ကား မြေကြီးပေါ် လှုပ်ရှားခြင်းမျှမရှိတော့…