စာစဉ် ၁၉ ( ၁၉ + ၂၀ )
9.3K 766 3
Book.              :   19
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၁၉။ ကျွန်တော့်ကို ခေါ်ပါ
ကုန်ရွှီ၊ စိတ်မရှည်စွာဖြင့် ကျိုးဝမ်ဘင်းအား လက်ဝှေ့ပြလိုက်ပြီး ဘေးဖယ်ပေးစေ၏။ မက်မွန်ပန်းဖူးမျက်လုံးတို့နှင့် ချစ်စရာကောင်းသော အသွင်အပြင်တို့ဖြင့် ခရစ်ဒစ်မှတ်ယူဖို့ရာ ရီဝမ်ဝမ်နား တိုးကပ်သွားပြီး ။
“အစ်ကို ရီ၊ ကိစ္စက ဖြေရှင်းလို့ပြီးသွားပြီ။ ကြည့်ပါလား၊ ကျွန်တော် ပြောသားပဲ။ ဒီကိစ္စမှာ ကျွန်တော် မပါပါဘူးဆို ။ ဒါပေမယ့်…ဒါတွေအားလုံးက ကျွန်တော့်ကြောင့် ဖြစ်လာရတာ ဆိုတော့၊ ကျွန်တော့်ရဲ့တောင်းပန်ကြောင်းကို ပြသတဲ့အနေနဲ့ ဒီညနေ ညစာလိုက်ကျွေးမယ်လေ”
ရီဝမ်ဝမ်၊ အတင်းပြုံးယူလိုက်တော့ပြီး၊ ကြယ်တွေအလားနှယ် တောက်ပရွှန်းစားနေသည့် ထိုလူ၏မျက်ဝန်းတို့အား ကြည့်လိုက်၏ ။
“သခင်လေး ကုန် ယဉ်ကျေးလွန်းနေပါပြီ။ လိုက်ကျွေးစရာမလိုပါဘူး”
ဒါကို ကြားလိုက်သည်နှင့် ချက်ချင်းပင်၊ ကုန်ရွီ ၊ထိတ်လန့်သွားတော့ သည်။ သူ၏ဇာတ်ကောင်ကို စနှိုက်ကြော်ယူခဲ့မိခြင်းကြောင့် ရီပိုင်ထံ တွင် သူ့အပေါ် မကောင်းသည့်အထင်အမြင်တို့ ကျန်ရှိနေမည်ကို စိုးရိမ်နေလေပြီ။ သူကား ရီပိုင်သည် သူ့အား သူ့ညီမလေးနားသို့ ဘယ်တော့မှ ကပ်သီခွင့်မပြုတော့မည်ကို စိုးရိမ်လို့နေချေပြီ။
ဒီလိုလွယ်လွယ်လေးနဲ့ လွှတ်ပေးလိုက်လို့ ရပါ့မလား။
ငါ့မှာ ငါ့ရဲ့သကြားလုံးလေးကို ရှာတွေ့ဖို့ အများကြီးအားထုတ်ထား ရတဲ့ဟာ။
ငါ ရီပိုင်ရဲ့ နာမည်ကောင်းစာရင်းထဲ မြန်မြန်ရောက်သွားအောင် လုပ်ရမယ် !
ဒါပေမယ့်…ငါ ဘယ်လိုလုပ်ရမလဲ…
ကုန်ရွှီ၊ ပူကျစ်နေသည့်ထိုင်ခုံပေါ် ထိုင်နေရသည့်အလားနှယ် ခံစားမိနေ၏။ သို့သော်၊ တစ်စုံတစ်ခုကို တွေးမိသွားဟန်တူသည်။ ရုတ်တရက် သူ၏မျက်လုံးတို့ တောက်ပသွားတော့သည်။