စာစဉ် ၁၈ ( ၃ + ၄ )
10.8K 889 2
Book. : 18
Chapter. : 3 + 4
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၃။ နှစ်ဝက်ပဲ ခံနိုင်တော့မယ်
စုန့်ပိုင်ချောင်၊ သက်ပြင်းတွေချကာ ခေါင်းကို ခါယမ်းလာသည်။
"သူ့ရဲ့အင်္ဂါကြီးငါးခုက ဆိုးဆိုးဝါးဝါးကြီးကို ပျက်ဆီးနေပြီ။
အခု မေ့လဲကျတာက တစ်ကြိမ်လောက်ပဲ ၇ှိဦးမယ်။ ဒါပေမယ့်လို့ နောင်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်က ပိုဆိုးဝါးလာပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းလာလိမ့်မယ်။ သူ့ရဲ့အင်္ဂါအစိတ်အပိုင်း တွေကလည်း စပြီးတော့ ပျက်စီးလာပါလိမ့်မယ်...."
"ဒါ...ဒါက ဘယ်လိုဖြစ်ပြီးတော့..."
အဘွားအို၏မျက်နှာသည် နားထောင်နေရင်းမှာပင် ပိုတိုးလို့ ဖြူရော်သွားရတော့ပေပြီ။ သူမ၊ စိုးရိမ်စွာဖြင့် ဆိုလာ၏။
"ဒေါက်တာ စုန်ု့၊ ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် ၉ လေးက ပြန်ကောင်းလာလိမ့်မယ်လို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား"
စုန့်ပိုင်ချောင်၊ မတတ်နိုင်စွာ ပြန်ဖြေလာသည်ကား။
"ကျွန်တော် အရင်က ပြောခဲ့ဖူးပါတယ်။ အခုတော့ သခင်လေး ၉ က ဆေးယဉ်သွားပါပြီ။ ပြီးတော့ ကျွန်တော်တို့တွေ သခင်လေးအတွက်က ဖြည်းဖြည်းချင်း ပြန်နေကောင်းလာဖို့အတွက်ကို ဆေးတွေကိုချည်းပဲ မှီခိုနေလို့ မရဘူး။ တခြားသူတွေ နေပြန်ကောင်းလာဖို့ဆိုတာက လွယ်လွယ်လေးပါ။ ဒါပေမယ့်၊ သခင်လေး ၉ အတွက်ကကျတော့ ကောင်းကင်ကကြယ်ကို ခူးယူရသလောက်ကို ခက်ခဲပါတယ်"
"သူ့ရဲ့ပြင်းထန်တဲ့အဖျားကြီးက သူ့ရဲ့ကိုယ်တွင်းထဲမှာ ရှိနေပြီးသားပါ။ ပြီးတော့ သူ့ရဲ့အိပ်မရတာကလည်း သူ့ကို ကောင်းကောင်းအနားရစေဖို့ မဖြစ်နိုင်သလောက်ဖြစ်နေတယ်။ နှင်းတောထဲကို နှင်းတွေပစ်ထည့် လိုက်သလိုမျိုးပဲ။ ဒီတစ်ခေါက် သခင်လေးက ကျွန်တော် အကြံပေးတာ ကို နားမထောင်ခဲ့ဘူး။ ထပ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို အလွံအကျွံ အလုပ်တွေပေးခဲ့တယ်။ သူ့ရဲ့ရှိပြီးသားရောဂါအခံကြီးကို ပိုပြီးတော့ ပျက်စီးလာစေပါတယ်"