Book. : 19
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၁၅။ ဘယ်သူ သူ့ကို ထိရဲလဲ
ကုန်ရွှီ၊ ဓာတ်ပုံအား ဆက်ကြည့်ဖို့ကြိုးစားလိုက်ရုံရှိသေး။
ရီဝမ်ဝမ်၊ ဓာတ်ပုံအား မြန်မြန်ပြန်ရုတ်လိုက်ကာ ပြောလိုက်သည်။
“ငါ့ကို ကြည့်”
ကုန်ရွှီ၊ ရီဝမ်ဝမ်အား မသိလိုက်မိဘဲ ကြည့်လိုက်မိတော့သည်။ ဒီအကြည့်တစ်ချက်လေးသည်ကပင် သူ့အား အံ့သြမင်သက်မိစွာဖြင့် ဆက်ကာစူးစိုက်ကြည့်မိချင်လာစေသည်….
“မင်း…”
“ငါ သူမနဲ့ တူရဲ့လား”
ရီဝမ်ဝမ်၊ အသံကိုနှိမ့်လို့ သူ့နားနားကပ်ကာ မေးလိုက်ခြင်းပင်။
မြင်မြင်ချင်းတွင်၊ သူတို့နှစ်ဦးသားသည် ဝေးကွာနေခြင်းကြောင့်
သူ သတိပြုမိခြင်း မရှိခဲ့ခြင်းဖြစ်၏။ သို့သော်၊ အနီးကပ်ကြည့်လိုက်မိသည်တွင်။ ဒီလူက ဘာလို့များ ငါ့ရဲ့သကြားလုံးလေးနဲ့ တော်တော်လေးဆင်နေရတာလဲ?
“ဓာတ်ပုံထဲက ငါ့ရဲ့ညီမလေး”
ရီဝမ်ဝမ် ပြောလိုက်ခြင်း ဖြစ်၏။
ထိုသည်ကို ပြောလိုက်သည့်အခိုက်၊
မယုံကြည်နိုင်စွာဖြင့် မျက်လုံးတို့ပြူးကျယ်သွားရတော့သည့် ကုန်ရွှီ။
ဘ…ဘာ !
ဒီနှစ်ရက်လုံးလုံး ငါ့မှာ ရူးတော့မတတ်နဲ့ ရှာနေခဲ့ရတဲ့ သကြားလုံးလေးက တကယ်ကြီး ဒီလူရဲ့ညီမလေးလား ?
စက္ကန့်အနည်းငယ်အတွင်းမှာပင်၊ ကုန်ရွှီ၊ ရီဝမ်ဝမ်အား တောက်ပလင်းထိန်နေသည့် နေနတ်ဘုရား အပိုလို အလားနှယ် ၊ သူမလေးအား ကိုးကွယ်တော့မည့်အလား စူးစိုက်ကြည့်လို့နေချေပြီ။
ရီဝမ်ဝမ်နှင့် ကုန်ရွှီတို့ စကားအနည်းငယ်ပြောဆိုနေကြစဉ်အတွင်း၊ ကုန်ရွှီသည်သာလျှင် ဓာတ်ပုံအား မြင်လိုက်ရခြင်းဖြစ်၏။
အခု၊ အလောတလျင်ခြေသံတို့ ပေါ်ထွက်လာပြီ - ၀န်ထမ်းသည် လုံခြုံရေးဝန်ထမ်းအနည်းငယ်နှင့် အပြေးတကော ရောက်ချလာသည်။
YOU ARE READING
Romanceစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။