စာစဉ် ၂၃ ( ၁၉ + ၂၀ )
8.5K 831 13
Book.              :   23
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၃၊ အခန်း ၁၉။ အများကြီး တိုးတက်လာပြီ
“က…က…ကပ္ပတိန်…ခခခ-ခံစားချက်တွေ…မပါ…လာစေနဲ့…” စကားထစ်လေးသည် ကွင်းဝိုင်းအောက်တွင် မတ်တပ်ရပ်နေကာ ဒီတိုက်ခိုက်ပွဲအား ရှင်းရှင်းလင်းလင်းမြင်နေရသည်မို့
သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုလာခြင်းပါတည်း ။
“မင်း…ဆရာ ပြောရင် ရပြီ…”
အီလဲဗင်း၏နှုတ်ခမ်းတို့ကို အနည်းငယ် တွန့်ကွေးတက်သွားချေပြီ ။
“က..ကောင်း…ကောင်းပါပြီ…”
စကားထစ်လေးသည် ခေါင်းညိတ်ပြဆိုလာချိန် ။
“စကားထစ်လေး ပြောချင်တာက မင်းရဲ့စိတ်ခံစားချက်တွေကို မင်းရဲ့တိုက်ခိုက်နေတဲ့အပေါ်မှာ မလွှမ်းမိုးမိစေနဲ့လို့ ။
တိုက်ခိုက်နေတဲ့အချိန်မှာ မင်းရဲ့ခံစားချက်တွေအားလုံးကို ဘေးပို့ထားရမယ်” ရီဝမ်ဝမ်၊ ပြောလာ၏။
“ဟုတ်ကဲ့”
ချက်ချင်းပင်၊ အီလဲဗင်း၊ ခေါင်းညိတ်ပြောလာသည် ။
“ထပ်တိုက် !”
ရီဝမ်ဝမ်၊ အီလဲဗင်းအား လက်ညှိုးတစ်ချောင်းနှင့် စိန်ခေါ်အမိန့်ပေးလိုက်သည် ။
“ဆရာ၊ ဆရာ အရင်ဆုံး တိုက်ကြည့်ပါလား ?”
အီလဲဗင်း၊ ရယ်ကာမောကာ ပြောလာလေသည် ။
ရီဝမ်ဝမ်ထံမှ သင်ယူနေသည့်အချိန်အတွင်းတွင်
သူမသည် ဘယ်တုန်းကမှ အရင်စတိုက်ခြင်း မရှိခဲ့ပါချေ ။
အမြဲတမ်း တိုက်ခိုက်လာသည်ကိုသာ စောင့်နေခဲ့သည်ပင် ။
ဒီတစ်ကြိမ်၊ ရီဝမ်ဝမ်၊ ခေါင်းယမ်းပြလာသည် ။
သူမကား အရင်မတိုက်ခိုက်လိုခြင်း မဟုတ်ချေ ။ အကြောင်းမှာကား သူမတွင် အန္တရာယ်အငွေ့အသက်ကို ခံစားမိသည့်အချိန်မှသာလျှင် သူမ၏ခန္ဓာကိုယ်မှာ အလိုလိုပြုမူလာခြင်းကြောင့်သာ ။
သူမ အရင်တိုက်ခိုက်ရပါက ထိုဆန်းကြယ်သည့်အရောင်အ၀ါတို့သည် ဘယ်တော့မှ ထွက်လာမည်မဟုတ်ခြင်းမို့ပင် ။