စာစဉ် ၂၂ ( ၁၅ + ၁၆ )
9K 863 14
Book.              :   22
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၁၅။ ချစ်ရဲ့မြင်ကွင်းမှာ ရှိနေသရွေ့
အနောက်ဘက်တွင်ရှိနေသည့် ကိုယ်ရံတော်အတွက်သည်ကား၊ ပထမကီလိုမီတာ ပြေးပြီးထားပါသည့် ၇ီဝမ်ဝမ်သည် ပျက်စီးနေသည့် မိန်းကလေးတစ်ယောက်နှယ် ပြုမူနေခြင်းကို ကြည့်လို့နေရင်း သူ့မျက်နှာမှာ အံ့အားသင့်မှုတို့ အထင်းသားဖြစ်လို့နေပေသည် ။
အီလဲဗင်းကို မဆိုထားနှင့် ။ စီရီဟန်၏အနောက်ဘက်တွင် ရှိနေသည့် ကျားဖြူကြီးသည်ပင်လျှင် စိတ်ညစ်လာဟန်ဖော်ပြလာသည့်အလား မျက်ခုံးတို့ မြင့်တက်လို့လာသည်တည့် ။
ရီဝမ်ဝမ်၊ သူမလေးသည်ကား ဘ၀တွင် တစ်ကီလိုမီတာမျှပင် မပြေးခဲ့ဖူးသည်မှန်း သိလို့နေ၏။ သို့သော်၊ သူမလေး ဒီတိုင်း ကွန်ပလိန်းတက်နေရင်းကနေ လျင်မြန်စွာဖြင့် ထပြောလာသည်။
“မရပ်နဲ့၊ မရပ်နဲ့။ ချစ် ဆက်ပြေးဦးမယ် ။
အဆိုးဆုံးရှိလှမှ ချစ်က အပြေးနှေးတဲ့သူ ဖြစ်ရုံလောက်ပဲပေါ့”
စီရီဟန်၊ မျက်မှောင်ကြုတ်လာချေပြီ။
ရီဝမ်ဝမ် ၊ သူ့အား သူမလေး၏ချစ်စရာအကောင်းဆုံး
အိမ်မွေးခွေးလေး မျက်လုံးတို့ကို ပြလိုက်တော့ပြီး ။
“ကိုကိုလည်းပဲ ကားပေါ်တက် ။ ဒါဆို ချစ် ကိုကို့ကို
ကြည့်နေလို့ရတော့ ပိုပြီးတော့ အားတွေရှိလာလိမ့်မယ်”
လေးလေးနက်နက်ဟန် ထုတ်ဖော်လာတော့သည့် စီရီဟန် ။
“အဆင်ပြေတာ သေချာလား ?”
“ပြေတယ်။ ပြေတယ် ။ ချစ် နည်းနည်းလောက် ထပ်ပြီး ပြေးလိုက်ဦးမယ်နော်။ ဘာလို့လဲတော့မသိဘူး။ ကိုကို့ကို မြင်နေရမယ်ဆိုရင်…”
သူမလေး၏စကားတို့ကို ကြားလိုက်ရသည့်အခါ၊
စီရီဟန်၊ ပိုလို့အများကြီး နူးညံ့လာပေတော့သည်။
ထိုအပြောနှင့်ပင်၊ စီရီဟန်သည်လည်း ကားထဲဝင်လိုက်တော့၏။ ကားသည် ဖြေးညင်းစွာ ဆက်မောင်းထွက်လာသလို ရီဝမ်ဝမ်သည်လည်း အနောက်ကနေ ပါလာချေ၏။