စာစဉ် ၁၈ ( ၁၃ + ၁၄ )
10K 919 18
Book. : 18
Chapter. : 13 + 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၁၃။ အိမ်စာစစ်ပြီ
"အစ်ကို ရီ ပြန်လာပြီ" သိုးငယ်လေးသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းလုပ်ယူကြိုးစားနေခြင်း ဖြစ်သည်တောင်မှ၊ သူသည် သူ့မျက်လုံး ထဲမှ စိတ်လှုပ်ရှားမှုတို့ကိုတော့ဖြင့် ကာဆီးနိုင်ခြင်းတည်းမရှိပါချေ။
လျိုချန်း၏စိတ်မချမယုံကြည်တတ်တော့သည့် စရိုက်နှင့်ဆိုလျှင် ရီဝမ်ဝမ်၏ရက်တွေအများကြီးကြာအောင် သတင်းမကြားဘာမကြားဘဲ ပျောက်သွားခဲ့ချိန်တွင် သူ့စိတ်ကူးတို့သည်ကား အရိုင်းဆန်နေခဲ့လောက် ချေပြီ။
ရီဝမ်ဝမ်၊ အချိန်တို့ ထပ်ဖြုန်းနေခြင်းမပြုတော့။
သူမ၊ တည့်တည့်ပင် ပြောချလာသည်။
"ပစ္စည်းတွေသိမ်း၊ ငါ့နေရာကို သွားမယ်။
ငါ မင်းကို အစီအစဉ်အကြောင်း ပြောပြမယ်"
"ဟုတ်"
တုံ့ဆိုင်းမနေသည့် လျိုချန်း။
ချက်ချင်းပင် ခေါင်းညိတ်ပြလာတော့ပြီး
သူမလေးနောက် လိုက်သွားတော့သည်။
ဂရန်းဗျူးပါ့ခ်။
"မင်း ထိုင်ချင်တဲ့နေရာသာ ၀င်ထိုင်"
ရီဝမ်ဝမ်၊ သူမ၏ကုတ်အကျီင်္ကို ချွတ်လိုက်ကာ
သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
သူ၏ သူမနေရာဆီသို့ လာခဲ့သည့် ပထမဆုံးအခေါက်နှင့် နှိုင်းစာပါသော်၊ လျိုချန်း၊ တင်းတောင့်နေခြင်းတည်းမရှိတော့။
အများကြီး ပိုလို့ တည်ငြိမ်နေလေပြီ။
ရီဝမ်ဝမ်၊ ဆိုဖာပေါ်သို့ ထိုင်ချလိုက်တော့ပြီ။ သူမသည်ကား သူ၏အိမ်စာတို့ကို စစ်ဆေးဖို့အတွက် အဆင်သင့်ဖြစ်နေလေပြီ။
လျိုချန်း၊ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့်
ရီဝမ်ဝမ်၏လက်ထဲက ဇာတ်ညွှန်းတို့အား
စိုက်ကြည့်နေမိ၏။
ရီဝမ်ဝမ်သည်ကား ဇာတ်ညွှန်းအား ကိုင်သာကိုင်ထားခြင်းပါတည်း။
သူမ ကြည့်ကြည့်ခြင်းကား မရှိလာသေးချေ။ နောက်၊
သူမလေး ရိုးရိုးလေး ရွေးချလာသည်ကား ။
"အခန်း ၇ က ၁၃ ကို သရုပ်ဆောင်ပြ"