စာစဉ် ၁၈ ( ၁၇ + ၁၈ )
9.5K 781 8
Book.              :   18
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၈၊ အခန်း ၁၇။ ငါ့နှလုံးသားကို ခိုးယူသွားပြီ
လက်ထောက်လေး ဆွံ့အမင်သက်သွားရတော့ပြီ။
နောက် ၊ သူ ရေရွတ်လာတော့သည်။
“ဘယ်တုန်းကများ တကယ်ဖူးလို့လဲဗျာ။ အရင်တစ်ခေါက်တုန်းကလည်း မင်း ပွတ်လောရိုက်သွားအောင် လုပ်ပစ်ခဲ့လို့ နိုင်ငံခြားမှာ အချိန်အကြာ ကြီး သွားပုန်းနေခဲ့ရပြီ ။ အဲ့ဒီကိစ္စတွေက အခုမှ ငြိမ်သွားရုံရှိသေးတာ။ ပြသနာထပ်မရှာချင်စမ်းပါနဲ့ဗျာ”
ကုန်ရွှီ၊ စိတ်ရှုပ်လာဟန်ဖြင့် လက်တို့ဝှေ့ပြလာတော့၏ ။
“သိတယ်၊ သိပါတယ်ဆိုနေ။ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ အာ၊ ဟုတ်သားပဲ၊ ဒါနဲ့ အဲ့ဘက်လမ်းမှာ လူတစ်ယောက်ယောက်များ တွေ့မိလိုက်သေးလား”
“ငါ ထင်သားပဲ။ မင်းက ဘာများလုပ်မလို့လဲ”
လက်ထောက်သည်ကား သတိတို့ကပ်ထားရတော့ပြီ။
ကုန်ရွှီ၏ချယ်ရီပန်းရောင် မျက်လုံးလေးတို့သည် ပုတ်ခတ်ပုတ်ခတ် လုပ်ပြလာတော့ကာ။ “ခုနတုန်းက ဒီသကြားလုံးဗူးကို နတ်သမီးလေး တစ်ပါးက ပေးသွားခဲ့တာ - သူလေးက ဘယ်သူလေးလဲဆိုတာကို သွားရှာမလို့”
လက်ထောက်လေး၊ ချက်ချင်းပင် ခြေထောက်တို့
ခွေယိုင်လဲကျလုနီးနီး ဖြစ်သွားရတော့၏ ။
“ဘာ !  ကျွန်တော့်ရဲ့ဘိုးဘိုးလေးရာ ! ကျွန်တော် ပြောနေတာကိုရော နားမှထောင်ရဲ့လား။ အခုလောလောဆယ် မင်းကို ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ရဘူးလို့ အကို ဘင်း ပြောထားတယ်လေ။ မင်းမှာ ဘာမိန်းကလေးကိစ္စမှ ရှိနေလို့မရဘူး။ ကျေးဇူးပြုပြီးတော့ပါ ။ ၊ ကျွန်တော် မင်းကို တောင်းပန်နေတာပါ။ ရက်နည်းနည်းလေးတော့ ငြိမ်ငြိမ်လေးနေပေးပါဗျာ၊ ဟုတ်ပီလား”
ကုန်ရွှီ၊ သူ့မျက်နှာထက် ကျနေသည့် ပန်းရောင်ဆံပင်အား လေနှင့်တစ်ချက် မှုတ်ထုတ်လိုက်တော့ပြီး
နှုတ်ခမ်းတို့သည်ကား အပေါ်သို့ တွန့်ကွေးတက်လာကာ။
“ဒါဖြင့်လည်း မရှာနဲ့တော့။ ဘာလို့များ အဲ့လောက်တောင်
ကြောက်နေရတာလဲ”