စာစဉ် ၂၄ ( ၉ + ၁၀ )
9.3K 942 45
Book.              :   24
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၄၊ အခန်း ၉။ အချိန်စေ့ပြီ
ဒီအခိုက်အတန့်၊ ကိုယ်ရံတော်အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး အသက်ပင်ရဲရဲမရှူကြတော့ ။
ကြိုးဝိုင်းအောက်ဘက်တွင်၊ တစ်စုံတစ်ယောက်သည်
တံတွေးတို့ “ဂလု” ခနဲ အကျယ်ကြီးမြိုချနေမိလေ၏။
ဒါ…ဒါ ဒါက…ဘာတွေဖြစ်နေတာလဲ…?
ခွေးရိုင်းတစ်ကောင် လွတ်ထွက်သွားခဲ့သည့်အလားပင်။ ဖြစ်ပျက်သွားသမျှအား လူတိုင်း နားလည်မိခြင်း မရှိကြလေပြီ…
“ဂျွတ်------”
မိနစ် ၂၀ ကျော် ကြာလာပြီးသည့်နောက်၊ ခြောက်ခုမြောက်တန်းမှာလည်း ကျိုးသွားခဲ့လေပြီ။
ယွမ်ရှန်၏စိတ်တို့သည်ကား ချာလပတ်ရမ်းလို့နေ၏။ သေလောက်အောင် အရိုက်ခံနေရသည်မို့ ကြောက်ရွံ့ထိတ်လန့်မှုတို့ ကြီးစိုးလာလျက် သူ့ထံသို့ အထက်စီးဆန်ဆန် ၀င့်ကြွားသည့်ပုံရိပ်
တစ်ခု လာနေသည်ကို မြင်လိုက်မိသည်နှင့် အနောက်ဘက်သို့ မြန်မြန်ပင် တွားသွားလိုက်တော့လေသည် ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ?!
ဒီမိန်းမသည်ကား မကောင်းဆိုးဝါးနှင်နှင်ပင် - သူ ဘယ်သိုင်းကွက် ကိုပင် သုံးပါစေ ။ သူမသည် ကြိုသိနေနှင့်ကာ သူ၏အားနည်းချက် တို့ကို ကြိုသိထားနေလေ၏ ။ ကြောက်စရာအကောင်းဆုံးသည်ကား သူမ၏အမြန်နှုန်း - သူ၏တိုက်ခိုက်မှုအားလုံးကို ကယောင်ချောက်ချား ဖြစ်သွားစေလျက် သူ့အား စဉ်းစားချိန်ပင် မပေးခြင်းပင် ။
အစောနတုန်းက အီလဲဗင်းရဲ့တိုက်ခိုက်ပုံအရဆို  ဘယ်လိုခုခံကာကွယ်ရမလဲဆိုတာကိုပဲ
သူမ သိနေရမှာ မဟုတ်ဘူးလား ?
ဘယ်လိုလုပ်ပြီးတော့….
“အား------”   *ဖောင်း !*
ယွမ်ရှန်၊ တွေးရင်းတန်းလန်း ရှိသေး။ ပျံတက်သွားကာ ကြိုးဝိုင်းတန်း ပေါ် ပြုတ်ကျသွားပြန်သည် ။ ရှေ့သွားတစ်ချောင်း ကျွတ်ထွက်သွား တော့ပြီး သွေးတို့ထွေးအန်လိုက်ပြန်၏။ သူ၊ အသက်ကို မျှင်းရှူလျက်၊ ကြမ်းပေါ် လှဲနေရလေသလို ၊ အသက်ရှူသွင်းနေရသည်ထက် အသက်ရှူထုတ်သည်မှာကား ပိုများနေလေသည်…