စာစဉ် ၂၃ ( ၃ + ၄ )
9.4K 876 5
Book.              :   23
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၃၊ အခန်း ၃ ။ လူနှစ်ယောက်
ရီ ယီယီ နှင့် ဂူရွဲ့ကျီတို့ အင်ပါယာစကိုင်း၏နာမည်ကျော်တို့အား ခေါ်ချလာကာ အားလုံး၏အာရုံတွေကို ဖမ်းစားထားသည်ကို
ရီဝမ်ဝမ်၊ တိတ်ဆိတ်စွာဖြင့်ပင် မတ်တပ်ရပ်ကာ စောင့်ကြည့်လို့နေ၏။
ဒီနေ့ချိန်တွင် ရီ အုပ်စု သည် အနုပညာလောကထဲတွင် လွှမ်းမိုးထားတုန်းပင် ဖြစ်ရာ။ ကမ္ဘာနှင့် တခြားသောကုမ္ပဏီတို့ ယိုင်လဲနေကျသည့်အချိန် ၊ ဒီအချိန်တွင်ကား သူုတို့အတွက် ကောက်ပဲသီးနှံတို့ကို ပြန်ရိတ်သိမ်းရဖို့ရာ အချိန်တည်း ဖြစ်ချေ၏။
အရင်တုန်းက အင်ပါယာစကိုင်းသည် ဒီတစ်ကြိမ်တွင်တော့ ပြိုင်ဘက်ကောင်းကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟူသည့်
သတင်းတို့ ထွက်ထားခဲ့ပါ၏။
သို့သော်၊ သူတို့မှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်နှင့် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုတို့ကိုသာ မရရှိနိုင်ကြဘူး ဆိုပါက စိတ်ပျက်သွားကြပေလိမ့်မည် ။
ရီဝမ်ဝမ်အဖို့ ကော်ဇောနီပေါ် လျှောက်စရာမလိုပါချေ။
ထို့ကြောင့် အဝေးတစ်နေရာကနေ ကြည့်ပြီးသွားသည့်နောက် အခမ်းအနားခမ်းမကြီးဆီ တန်းသာသွားလိုက်တော့သည် ။
ဟန်ရှန်းယွီ၊ အလုပ်အရမ်းများလို့နေသည်မို့ သူ၏လက်ထောက်ကို လွှတ်ကာ ရီဝမ်ဝမ်ထံ အပြေးအလွှား ၀င်ခွင့်လက်မှတ် ပေးခိုင်းထား ခဲ့သည်။
ရီဝမ်ဝမ်၊ လက်မှတ်ကို ကိုင်လျက် သူမ ထိုင်ရမည့်ထိုင်ခုံနေရာကို ရှာလိုက်ရာ။ အားလားလား၊ သူမ၏ထိုင်ခုံနံပတ်အား တွေု့လိုက်သည့်အချိန်၊ သူမ မင်သက်သွားမိတော့ချေပြီ ။
အမ်၊ ဘာလို့ အရှေ့နဲ့ အရမ်းနီးနေတာလဲ ?
တစ်ခုခု မှားနေတာများလား ?
ရီဝမ်ဝမ်၊ သုံးကြိမ်တိုင်တိုင် စစ်ကြည့်ခဲ့သည့်တိုင် ထိုင်ခုံနေရာသည် မှန်နေသည်တည်း ဖြစ်ရာ ။ သူမ ဟန်ရှန်းယွီ၏လက်ထောက်ကို ဖုန်းခေါ်ကာ ထပ်မံစစ်ဆေးကြည့်တော့၏ ။