စာစဉ် ၂၁ ( ၁ + ၂ )
10.1K 861 11
Book.              :   21
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၁၊ အခန်း ၁။ ဘာပြသနာရှိသေးလဲ
ရွှီလီ၊ ချင်းရူရှီသည် မောက်မထောင်လွှားသည့်
ချမ်းသာပြီး ပျက်စီးနေသည့် ကလေးမလေးတစ်ယောက်အား
အလွန်တရာ နှိမ့်နှိမ့်ချချ၊ ရိုရိုကျိုးကျိုး ပြောဆိုလို့နေသည်ကို မြင်လိုက်ရသည့်အချိန်၊ သူ့၏မျက်နှာမှာ ကွက်ခနဲ မည်းသွား တော့သည်။
သက်လတ်ပိုင်းလူကြီးသည် ဆက်ပြီးသည်းခံနိုင်ခြင်း မရှိတော့။
“ကျွန်တော်တို့က ဒီကို အလုပ်ကိစ္စနဲ့ လာတဲ့အချိန်မှာ အပြင်လူ တစ်ယောက်ရဲ့သဘောထားနဲ့ ဆွေးနွေးဖို့လိုမယ်လို့ ဘယ်တုန်းက ဖြစ်သွားရတာလဲ။ သခင်မလေးမှာ ကျွန်တော်တို့ သခင်လေး ၉ ကို တွေ့မှာကို တားဖို့ အခွင့်အာဏာမရှိဘူးလို့ထင်တယ်”
ဒီအခိုက်၊ ရွှီရီ ချောင်းအသာဟမ့်ကာ ၀င်ဖြေရှင်းလာသည်။
“ဒါရိုက်တာ ရွှီ၊ သခင်မလေး ရူရှီ၊ ဒီကိစ္စကို ဖြေရှင်းပေးဖို့
သခင်မလေး ၀မ်ဝမ်ကို သခင်လေး ၉ ကိုယ်တိုင် ခွင့်ပြုပေးခဲ့တာပါ။ ခင်ဗျားတို့နှစ်ယောက် တင်ပြစရာရှိနေတယ်ဆိုရင် သခင်မလေး ၀မ်ဝမ် ကို တိုက်ရိုက်ပြောပြလို့ ရပါတယ်။ သူမက သခင်လေး ၉ ဆီကို ပြန်တင်ပြပေးပါလိမ့်မယ်”
ရွှီရီ၊ ချက်ချင်းပင် ရွှီလီ၏စကားတို့ကို တိခနဲ ဖြတ်ချပစ်လိုက်သည်နှင့်၊ ချင်းရူရှီသည်လည်း တိတ်ဆိတ်သွားတော့သည်။
ရီဝမ်ဝမ်၊ ပျင်းတွဲစွာဖြင့် သမ်းဝေလာတော့ပြီး၊
ဘာသိဘာသာ စိတ်မရှည်တော့ဟန်ဖြင့်။
“ရှင်တို့မှာ ပြသနာရှိသေးလား ?”
ချင်းရူရှီ၏အမူအရာသည်ကား ဆက်ကာပင် ပျက်ယွင်းလို့နေ၏။ အချိန်အကြာကြီးကြာမှပင်၊ သူမ ပြောလာသည်။
“ဒါက စီအီးအိုရဲ့သဘော ဆိုမှတော့ ကျွန်မတို့ ဖိုင်ကို မိန်းကလေး ၀မ်ဝမ်ဆီ လွှဲခဲ့ပါမယ်။ စီအီးအို စီ က ကျန်းမာရေးမကောင်းဖြစ်နေတုန်း ရှိသေးတာ။ သူ့ကိုယ်သူ အလုပ်ပင်ပင်ပန်းပန်း မလုပ်သင့်သေးဘူး”