စာစဉ် ၂၂ ( ၁၃ + ၁၄ )
9.8K 932 42
Book.              :   22
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၁၃။  အရမ်းချစ်ဖို့ကောင်းလွန်းတယ်
ရီဝမ်ဝမ်၊ ထိုမေးခွန်းကို ကြားလိုက်သည့်အခိုက် ၊
သူမ၏နှလုံးသားလေး နောက်ထပ်တစ်ဖန် ဒိတ်ခနဲ ခုန်သွားရပြန်သည်။ သူမလေး၊ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ “ဘယ်သူလဲ…?”
“မင်းရဲ့သူငယ်ချင်း၊ စီ ၉ လေ”
ဟန်ရှန်းယွီ ပြန်ဖြေလာရာ။
ရီဝမ်ဝမ် ၊ ဆွံ့အသွားရတော့ပြီ - ဟန်ရှန်းယွီက စီရီဟန်ကို မှတ်မိနေတယ်တဲ့လား ? ဒါဆို ငါလည်း သွားပြီလား ?
သို့သော်၊ စီရီဟန်၏ဟန်ပန်သည်ကား အလွန်တရာမှ ထူးခြားလွန်းလှ သည်မို့ - သူ့အား ချက်ချင်း မှတ်မိသွားခြင်းကား အံ့သြစရာမရှိပါချေ ။
တစ်ဖက်ကနေ ၊ ဟန်ရှန်းယွီ ဆက်ပြောလာချေသည်။
“သူက သူ့ကောင်မလေးနဲ့ လာတာ။ ကျွန်တော်တို့ရဲ့အနောက်ဘက်မှာပဲ ထိုင်သွားတာ။ ဒါပေမယ့် လူတွေအများကြီး ရှိနေတာမို့ ကျွန်တော်လည်း သွားမနှုတ်ဆက်လိုက်ဘူး”
ဟန်ရှန်းယွီ၏လေသံအရ သူသည် သူမလေးအား မှတ်မိဟန်မရပါချေ။ ဒီတော့မှ သူမ စိတ်အေးသွားမိတော့ပြီး ။ “တိုက်ဆိုင်လိုက်တာ !”
“ကျွန်တော် မြင်မိသလောက်တော့ သူက သူ့ကောင်မလေးကို တော်တော်လေးကို ချစ်တဲ့ပုံပဲ ။ ကျွန်တော်တော့ ရင်ပြည့်လာခဲ့
ရတယ် ။ ခပ်တန်းတန်းနေတတ်ပြီး ထူးမခြားနားနေတတ်တဲ့ မင်းရဲ့အဲဒီသူငယ်ချင်းက သူ့ကောင်မလေးကို ဒီလောက်ထိ
ချစ်တတ်လိမ့်မယ်လို့ မထင်ထားမိဘူးဗျာ”
ဟန်ရှန်းယွီ ၊ အံ့သြဘနန်းဖြစ်လျက် ထုတ်ဖော်ပြောဆိုလို့နေ၏။
ဟမ် ? စီရီဟန်က…အဲ့လောက်ထိ ချစ်တတ်တယ် ?
ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားတော့ပြီး သူမဘေးနားက တစ်စုံတစ်ယောက်သော ရေခဲရုပ်တုကြီးဆီ လှည့်လာပြီး တည်တည်တံ့တံ့ ပြောဆိုလာသည် ။
“သူ့ရဲ့ကောင်မလေးက အရမ်းကြီး ချစ်စရာကောင်းလွန်းတာကြောင့်ပဲ ဖြစ်ရမယ် !”