Book. : 20
Chapter. : 13 + 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၁၃။ တစ်ယောက်လောက်တော့ ယူလို့ရပါတယ်
စီရီဟန် ပြောသွားသည့်နောက်တွင် “သေစေနိုင်လောက်သည့် အ၇ှိန်အ၀ါ” ကို ၇ီဝမ်ဝမ် ခံစားတွေ့ရှိမိသွားလို့လား မသိချေ။
သို့သော်၊ ရီဝမ်ဝမ်၏ မျက်ခုံးတို့သည်ကား အမှတ်တမဲ့ တွန့်ကြုတ်လို့လာချေသည်။
စီရီဟန်တွင် ကလေးယူဖို့ရာ အစီအစဉ်မရှိခဲ့ဘူးဆိုသည်ကို
သူမ သိလို့နေ၏။ သူမ၏အတိတ်ဘ၀တုန်းက သူမသည်
သူနှင့်လက်ထပ်ထားသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့သည်တောင် သူတို့ထံတွင် ကလေးမရခဲ့ကြပါချေ။
ဒါသည် သူ အသက်ရှည်ရှည် မနေရတော့ဘူးဆိုသည်ကို သိနေတာကြောင့် ကလေးတစ်ယောက်မှ မလိုချင်ခဲ့ခြင်းပေလော ?
ဒီဘ၀တွင်မူ၊ သူတို့တွေသည် လက်ပင်မထပ်ကြရသေးပါချေ။
သူမ၏လက်ရှိအဆင့်အတန်းနှင့် မိသားစုနောက်ခံတို့နှင့်ပင်၊ သူမသည် စီရီဟန်၏ရည်းစားဖြစ်နေခြင်းသည်က စီ မိသားစု၏အကြီးအကဲတို့ကို စိတ်ဓာတ်ကျစေပြီးနေလေပြီ။ သူမသည် တကယ်ကြီး စီ မိသားစု၏ အိမ်တော်ရှင်မ ဖြစ်လာမည်ဆိုပါက သေချာပေါက်ပင် မြားပေါင်းများစွာ၏ ဦးတည်ချက်ဖြစ်လာပေလိမ့်မည်…
သူမ၏ယခင်ဘ၀တုန်းက၊ ဂူရွဲ့ကျီနှင့် လိုက်ပြေးပြီး
စီရီဟန်အား ရန်မစမိခဲ့ပါလျှင် သူသည် သူမလေးအား ဒီလောက်အစောကြီး လက်ထပ်ယူပစ်လိမ့်မည်မဟုတ်ချေ ။
သူသည် မိသားစုကလန်ကြီးတစ်ခုလုံး ဆန့်ကျင်ကန့်ကွက်နေ သည့်ကြားက သူမအား အတင်းလက်ထပ်ယူခဲ့လေသည်…..
သူမ မှတ်မိနေသည်။ သူမ၏အတိတ်ဘ၀တုန်းက သူတို့ ကွာရှင်းကြချိန် တွင် စီရီဟန်၏ခန္ဓာကိုယ်မှာ အားကုန်ကြိုးပြတ်လုနီးနီး ဖြစ်လို့နေသည် တည့်။ သူတို့တွေသည် အငြင်းအခုံဗျာများလို့နေကြသလို မိသားစုထဲက ပဋိပက္ခတို့သည် တင်းမာလို့နေသည့်အပြင် အင်အားကြီးတစ်ဖွဲ့ချင်းစီ သည်လည်း တခြားသူများနှင့် တိုက်ခိုက်လို့နေကြ၏။ အရာရာတိုင်းသည် ပွစွာကြဲ ရှုပ်ပွေလို့နေပြီး အမည်မသိရသည့် အပြင်ဘက်အင်အားကြီးအဖွဲ့တစ်ခုသည်ကပင် သူတို့အား တိုက်ခိုက်ခဲ့ကြ၏….
أنت تقرأ
عاطفيةစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။