စာစဉ် ၂၂ ( ၉ + ၁၀ )
8.8K 877 33
Book.              :   22
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၉။ မဆိုးဘူး
မကြာခင်အချိန်ပိုင်းလေးအတွင်းတွင်ပင် ဇာတ်လမ်းသည် ဖန်သားပြင်အကြီးကြီးထက် စတင်ပြသလာသည်။
အဝေးတစ်နေရာဆီက စိမ်းပျပျတောင်တန်းတို့ကို မြင်ကွင်းခံထားပြီး ချန်အန်းက လမ်းမကြီးဆီ ရေပေါက်ရေစက်တို့ကို ပြထားကာ ရုတ်ခြည်းဆိုသလို ပရိသတ်ထုအား ကြွယ်ဝခန့်ညားသည့်အချိန် ကာလတစ်ခုဆီ ပြသထားချေသည်။
ရှေးကျပြီး စိတ်ဝင်စားစရာကောင်းသည့် ကျေးလက်ဒေသလေးသည် ရေမျက်နှာပြင်ထက် ကြာပန်းတို့ လှုပ်လီလှုပ်လဲ့ ကနေလေဟန် ယိမ်းနွဲ့နေလျက် ၊ ထိုပန်းတို့ကြား ရွှေငါးတို့သည် ကူးလူးသွားလာနေ ကြလေ၏။ ပြတင်းပေါက်တွင်မူ၊ ချောင်ကဲရှင်းသည် အဖြူရောင်ရှေးဟောင်းဝတ်စုံလေးကို ၀တ်ဆင်ထားချေပြီး
မျက်လွှာတို့ချထားလျက် ငြိမ်ငြိမ်သက်သက်လေး ထိုင်လို့နေ၏။
ပထမဆုံးသောအခန်း ထွက်လာသည်နှင့်
လူတိုင်း၏မျက်ဝန်းတို့သည် ဖန်သားပြင်ရှေ့ ၀င်းပသွားကြကုန်ပြီ ။
ချောင်ကဲရှင်း၏လှပပြီး ပရောပရည်ပြောဆိုတတ်သည့် ပုံရိပ်နှင့် ရင်းနှီးနေသူတို့အဖို့ သူမ၏ချိုမြိန်ပြီး နူးညံ့သိမ်မွေ့သည့်ဘက်ခြမ်းကို မြင်တွေ့ရသည်မှာ ဒါသည်ကား ပထမဆုံးအကြိမ်တည်း ဖြစ်ကြပါ၏။
ထိုသူမ၏နူးညံ့သိမ်မွေ့မှုသည်ကား ခေါင်းလေး မခို့တရို့ ငုံ့သွားသည့် အချိန်တွင် အေးစက်စက်လေပြည်လေးကြောင့် ရှက်သွေးတို့ဖြာသွား သည့် ကြာပန်းလေးတစ်ပွင့်အလားပင်။
ရီဝမ်ဝမ် ၊ ထိုသူမ၏ရွှန်းစားနေသည့်မျက်ဝန်းတို့ကို မကြည့်မိဘဲ မနေနိုင်တော့ ။ “အားရား၊ အားလားလား။ ချစ်ရဲ့နတ်ဘုရားမလေးက ဒီအ၀တ်အစားတွေနဲ့ ပိုတောင်မှလိုက်နေသေးတယ်။ သူမကို ဘုရင်မတစ်ပါးအနေနဲ့ ချစ်တော့ တွေ့ချင်လှပြီ”
စီရီဟန်၊ လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ထောက်ထားရင်း ဖန်သားပြင် အား ကြည့်လို့နေရာမှ ဒီအခိုက်တွင် ထိုမိန်းမအပေါ် လုံးဝစိတ်နစ်လို့ နေသည့် သူ့ချစ်သူကောင်မလေးအား စောင်းငဲ့ကြည့်လာတော့ ချေသည်။