စာစဉ် ၂၂ ( ၇ + ၈ )
8.9K 857 12
Book.              :   22
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၇။ ဒိတ်
ရွှီရီ နှင့် စကားစမြည်ပြောပြီးသွားသည့်နောက်၊
အပေါ်ထပ်သို့ တက်သွားတော့သည့် ရီဝမ်ဝမ် ။
သူမလေး အခန်းထဲသို့ ၀င်လိုက်သည့်တစ်စက္ကန့်မှာပင်
စီရီဟန်အား ကရားရေရွတ်တတွတ်တွတ် ပြောဆိုလာတော့သည်။
“ကျွန်မ ပြန်ရောက်ပြီ…ဟိုမှာ rs စာတွေ အပြည့်စားလာရပြီးတော့ နင်ပြီး ပြန်ရောက်လာပြီ ။ ထင်တဲ့အတိုင်းပဲ အဲ့ဒီအကြံအတွက် အနှေးနဲ့အမြန်ကို ပြန်ပေးဆပ်ရတာပါလား ! အဲ့ငတုံးကောင် ချူဖုန်းက ယန်ရန်အတွက် ဟန်ရှန်းယွီရဲ့လက်ထောက်ဆီကနေ အကန့်အသတ် ထုတ်အယ်လ်ဘမ်ကို ရအောင်လုပ်ဖို့ ကြိုးစားနေတာတဲ့၊ ရှင် ယုံကြည် နိုင်ရဲ့လား ။ ကျွန်မမှာတော့ ဘာမှမဟုတ်တဲ့အရာအတွက်ကို စိုးရိမ်လိုက်ရတာ !”
ရီဝမ်ဝမ် အမြှုပ်ထွက်မတတ် ပြောနေဆိုနေရင်းမှာပင် သူမ၏အကြည့်တို့ စီရီဟန်လက်ထဲကတစ်စုံတစ်ခုအပေါ် ကျရောက်သွားရာ၊ သူမ မျက်မှောင်တို့ ကြုတ်သွားတော့သည်။
“အဲ့ဒီစာရွက်စာတမ်းတွေကို ဘာလို့ထပ်ပြီးတော့ ကြည့်နေရပြန် တာလဲ ?”
စာချုပ်စာတမ်းတို့ကို အောက်သို့ချထားလိုက်တော့သည့် စီရီဟန် ။
“ဒီတိုင်း ကြည့်ကြည့်ရုံပါ”
ရီဝမ်ဝမ်၊ ဆွံ့အသွားရတော့ပြီ ။
“ရှင့်မှာ အလုပ်အပြင်ကို တခြားဝါသနာပါတာ မရှိတော့ဘူးလား ?”
စီရီဟန်၊ တခနလောက် လေးလေးနက်နက် တွေးတောလာချေ၏။ နောက်၊ ပြောလာသည် ။ “၀ါသနာ ?”
ခေါင်းတညိတ်ညိတ်လုပ်ကာ ဥပမာဥပမေယျတို့ မြောက်မြားစွာ ပေးလာတော့သည့် ရီဝမ်ဝမ် ။
“ဟုတ်တယ် ။ သီချင်းဆိုတာတို့၊ သီချင်းနားထောင်တာ၊ ရေကူးတာ ဒါမှမဟုတ်လဲ ဂေါက် ရိုက်တာမျိုးပေါ့ ? အလုပ်အပြင်ကို ရှင် လုပ်ရမှာ ကြိုက်တာ တစ်ခုခုတော့ ရှိရမယ်လေ ? ဒါက ရှင့်အတွက် အေးအေးဆေးဆေး အနားယူပြီး နေပြန်ကောင်းလာအောင်လုပ်ဖို့ ရှားရှားပါးပါးအခွင့်အရေးပဲလေ။ ဒီတော့ စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် တစ်ခုခု လုပ်ပါ့လား ?”