စာစဉ် ၁၉ ( ၁၁ + ၁၂ )
9.9K 805 2
Book.              :   19
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၁၁။ နေရာလုံခြုံသွားပြီ
သို့သော်၊ သူ့အနေဖြင့် သေချာဖို့လိုသည်။
သိုးပေါက်လေးကပဲ ကံကောင်းနေခဲ့တာလား။ သို့မဟုတ်၊
လျိုချန်းတွင် တကယ်ပဲ ဒီအရည်အချင်းမျိုး ရှိနေခဲ့တာလား ။
ထိုအတွေးနှင့်အတူ၊ စုန့်ကျင်းလင် ခိုင်မြဲစွာဖြင့် ပြောလာသည်။
“အခန်း ၇၊ နံပတ် ၁၃ ကို သရုပ်ဆောင်ပါ။ မင်းတို့ တွေးမိသလို သရုပ်ဆောင်ကြ”
စုန့်ကျင်း၊ ဒါကို ပြောလိုက်သည်နှင့်။ အစဦးက စိတ်လှုပ်ရှားနေခဲ့ကြ သည့် ပရိသတ်ထုကြီး နောက်ထပ်တစ်ဖန် တိတ်တိတ်ငြိမ်သက်သွား ကြတော့ပြီ။ သူတို့တွေ နှစ်ယောက်သောထိုသူအား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လို့နေကြလေပြီ။
စခရင်မ်ထက်တွင်ကား၊ ရွှီမင်၏ဖန်တို့ စိတ်မရွှင်မပျဖြစ်နေကြကာ စတင်ပြောဆိုလာကြ၏….
[ပွဲက မပြီးသေးဘူး ။ မင်းတို့တွေ ဘာလို့စိတ်ပူနေကြတာလဲ ။
အခုနက သိုးပေါက်လေး ကံကောင်းသွားရုံလေးပဲ]
[ဟုတ်တယ် ။ လျိုချန်းက ဥာဏ်များဖို့ကြိုးစားနေတာ အသိသာကြီးကို ။ ရွှီမင်က သူကိုယ်တိုင် ကြိုးစားလာခဲ့ရတာ။ ဒီတော့ သူ့ရလဒ်တွေက နည်းနည်းတော့ ဆိုးမှာပေါ့။ ဒါပေမယ့်၊ လျိုချန်းကျတော့ ရွှီမင်ကို အသုံးချပြီး လူရှေ့ကို ထွက်လာခဲ့တယ်။ ဘယ်လောက်တောင်မှ အရှက်မရှိလိုက်သလဲ]
……
လျိုချန်း၊ ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ အမူအရာတို့အား သတိပြု မိခြင်း အလျဉ်းမရှိပါချေ။ စုန့်ကျင်းလင် ပြောလိုက်သည့် အခန်း ၇၊ နံပတ် ၁၃ ကို သရုပ်ဆောင်ပါကို ကြားလိုက်မိပြီး ကြောင်အမိလျက် သားသာ နေမိချေလေပြီ။
ဒီအခန်းက အစ်ကို ရီ ကိုယ်တိုင် ငါ့ကို သင်ပေးခဲ့ပြီးတော့ သေသေချာချာ လေ့ကျင့်ခဲ့ရတဲ့အပိုင်းပဲ။
ဒါရိုက်တာ စုန့်က ဒါကို တကယ်ကြီး ရွေးလိမ့်မယ်လို့
ငါ မထင်ထားခဲ့မိဘူး။