Book. : 22
Chapter. : 11 + 12
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၁၁။ အိုင်ကျူ မြင့်တယ်
သူကား သူမလေးနှင့် အလွန်တရာနီးကပ်လို့နေသည်မှာ သူ၏ထွက်လေ၀င်လေတို့ကိုပင် သူမလေး ခံစားမိနိုင်နေလေပြီ။ သူ၏အေးစက်၊ ပါးလျသည့် နှုတ်ခမ်းလွှာတို့ သူမလေးနှုတ်ခမ်းလွှာပေါ် ထပ်တူကျလာရာ၊ သူ၏အေးစက်စက် အသက်ရှူငွေ့တို့ တခနလောက် သူမလေးပေါ် လွှမ်းခြုံသွားတော့သည်တည့်။
ဒါတွေအားလုံးမှာ စက္ကန့်ပိုင်းလေးအတွင်း ဖြစ်သွားခဲ့ခြင်းတည်း ဖြစ်၏။
ရီဝမ်ဝမ်၊ သူမ ရုတ်တရက်ကြီး အနမ်းခံလိုက်ရသည်မှန်း နားလည်သွားမိတော့ရာ၊ သူမလေး ကြောင်အမ်းသွားပြီး
ရှော့ရမှုကြောင့် မျက်လုံးတို့ဝိုင်းစက်လို့နေလေပြီ။
သူမလေး၏နှလုံးသားလေးသည်ကား
ထိန်းချုပ်မရနိုင်စွာ ၀ုန်းဒိုင်းကြဲ ဆူညံနေလျက်ရှိ၏။
စီရီဟန်၏မျက်လုံးတို့သည်လည်း ဖွင့်လို့နေလျက်ပင် ။
သူ၏နဖူးပြင်မှာ သူမလေးနဖူးနဲ့ သာသာယာယာ ထိတွေ့လို့နေလျက်။ သူ၏နွေးလျသည့် ၀င်လေထွက်လေတို့နှင့် သူမလေး၏သောင်းပြောင်း ရောနေသည့် စိတ်ခံစားချက်တို့သည် လိမ်ယှက်လို့နေကာ သူ၏မျက်လုံးတို့သည်ကား သူမလေးပေါ် ကျရောက်လို့နေလေ၏။
ရီဝမ်ဝမ်၊ သူ၏နက်ရှိုင်းလှသောမျက်ဝန်းတို့နှင့် ရင်ဆိုင်လိုက်မိလိုက်ရာ၊ သူမလေး၏နှလုံးသားလေးသည် ထိန်းချုပ်နိုင်စွမ်းမှ လွတ်ထွက်သွား တော့မလားနှယ် ကစုန်စိုင်းကာ ၀ိုင်းဒိုင်းကြဲမြည်ဟည်းစ ပြုလာလေ သည် ။ သူမလေး တီးတိုးဆိုလာ၏။
“အိုး…ဘေဘီ…ဘေဘီက…အရမ်းကို ဥာဏ်ကောင်းလိုက်တာ…”
သူ့မှာ အီးကျူမရှိတော့ကော ဘာဖြစ်သလဲ ? အဲဒီအစား သူ့ရဲ့အိုင်ကျူကို သုံးလို့ရနေသေးတာပဲ ၊ ဟုတ်တယ်မလား ?
စီရီဟန်၊ သူမလေးအား စကားပြန်ဆိုလာခြင်းမရှိ။ စက္ကန့်ပိုင်းလေးလောက် စိုက်ကြည့်လို့နေရာမှ
နောက်ထပ်တစ်ဖန် မှီချလာပြန်သည်…
ВЫ ЧИТАЕТЕ
Любовные романыစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။