စာစဉ် ၂၁ ( ၂၁ + ၂၂ )
10.3K 942 89
Book.              :   21
Chapter.          :  21 + 22
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၁ ၊ အခန်း ၂၁ ။ ကျွန်မကို ရိုက်ကြသေးလား
“ဟေး…မသွား…မသွားနဲ့…”
စိတ်ရှုပ်စွာဖြင့် သူတို့ဘက် လှမ်းအော်လို့နေသည့် ရီဝမ်ဝမ် ။ နေရာတစ်ခုလုံးသည်ကား ဗလာဖြစ်နေလျက် ဘယ်သူကမှ သူမအား စကားပြန်လာကြခြင်း မရှိပါချေ။ ကိုယ်ရံတော်နှစ်ယောက်သည်လည်း ပျောက်ကွယ်သွားကြလေပြီ ။
သူမ မမှားဘူးဆိုပါက ထိုလူနှစ်ယောက်သည် လှေကားကနေ ဆင်းသွားကြခြင်းပင် မဟုတ် - သူတို့တွေသည် ပြတင်းပေါက်ကနေ ခြံဝင်းထဲသို့ ခုန်ချသွားခြင်းတည်း ဖြစ်၏။
အဲ့လိုလုပ်ဖို့ တကယ်ကြီး လိုလို့လား ?
ဒီမှာ ဘာတွေဖြစ်နေတာလဲ ?
ရီဝမ်ဝမ်၊ အချိန်အကြာကြီးကြာသည်ထိ
ကြောင်အအနှင့် မတ်တပ်၇ပ်နေမိလေသည်။
သူမတွင် ရွေးချယ်စရာတို့ မရှိတော့။ သူမ၏ကိုယ်ခန္ဓာ အနည်းငယ် သက်သာလာသည်ထိ စောင့်ပြီး အောက်ထပ်သို့ ဆင်းသွားလေ၏။
….
လက်ရှိတွင် ဧည့်ခန်းသည် လုံးဝအတိ တိတ်ကျလို့နေ၏။
စီရီဟန်သည် မှောင်ကုတ်သည့်မျက်နှာဖြင့် ဆိုဖာပေါ် ထိုင်လို့နေလျက်။ ရွှီရီသည်ကား လေးလေးနက်နက်မျက်နှာဖြင့် သူ့ဘေးတွင် ရှိနေ၏။ အီလဲဗင်းနှင့်သူ့လူတို့ကား လိုင်းနှစ်လိုင်းမတ်တပ်ရပ်နေကြပြီး အလယ်တွင်မူ လျိုယင်နှင့် စုန့်ကျင်းတို့ ဖြစ်၏ ။
စုန့်ကျင်း၊ ခေါင်းကို ငုံ့ထားလျက် ရှက်ရွံ့နောင်တရစွာဖြင့် ပြောလာသည်။
“ကျွန်တော် အခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့လို့ သခင်မလေး ရီ ကို မကာကွယ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့အပြစ်ဒဏ်ကို ခံယူပါ့မယ်”
လျိုယင်၊ လေးလံသည့်အမူအရာဖြင့် ပြောလာသည်။
“စုန့်ကျင်းနဲ့ ဘာမှမဆိုင်ဘူး။ ဘာမှမလုပ်ဖို့ ကျွန်တော်
သူ့ကို တားထားခဲ့တာ…”