စာစဉ် ၂၀ ( ၁၉ + ၂၀ )
8.9K 888 18
Book.              :   20
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀ ၊ အခန်း ၁၉။ ကျွန်တော် သေရင်
--“ကျွန်တော် တာဝန်ယူမယ်”
စီရီဟန် ပြောလိုက်သည်နှင့်၊ အချိန်ပိုင်းလေး တိတ်ကျသွားတော့ပြီး၊ နောက၊် ခန်းမထဲတွင် ဆန့်ကျင်ကန့်ကွက်မှုတို့ ဟုန်တက်လာသည်။
စီရီဟန် ပြောတာက…အဲဒီမိန်းမပြောတာကို သူ သဘောတူပြီးတော့ ခွဲစိတ်မှုမလုပ်တော့ဘူးလို့လား ?
တဒင်္ဂအတွင်း၊ အကြီးအကဲအားလုံး၏မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြပြီး၊ အလွန်အမင်း စိုးရိမ်သွားကြတော့သည်….
“သခင်ကြီး…ဒါ…မဖြစ်နိုင်ဘူး ! သခင်ကြီး လုပ်လို့မဖြစ်ဘူး !”
“အလောတကြီးနိုင်လွန်းတယ် ! သခင်ကြီးက ဘယ်လိုလုပ်ပြီးတော့ ကြီးမြတ်တဲ့ဒေါက်တာ စုန့် ရဲ့ စကားတွေကို မယုံကြည်ဘဲ ဒီထောင်လွှားတဲ့မိန်းမတစ်ယောက်ကို ယုံကြည်နေရတာလဲ ?”
“သခင်ကြီးရဲ့ကျန်းမာရေးက ကျွန်တော်တို့မိသားစုကလန်ကြီး တစ်ခုလုံးရဲ့ အတက်အကျနဲ့ ပတ်သတ်နေတာပါ။
သခင်ကြီး ဘယ်လိုလုပ်ပြီးတော့ ပေါ့ပေါ့တန်တန်လေး သဘောထားနိုင်ရတာလဲ ?”
စီမင်းရုန်၏မျက်နှာ မည်းမှောင်လို့လာချေသည်။ ပထမတွင်၊
သူသည် ဒီမိန်းမအား သခင်ကြီးနှင့်သခင်မကြီးအားထောက်လို့ မျက်နှာသာပေးထားကာ မိသားစုကလန်အစည်းအဝေးကို တက်ရောက်ခွင့် ပြုပေးထားခဲ့ခြင်းဖြစ်၏။ သို့သော်၊
ဒီမိန်းမသည်ကား တော်တော်လေး အဆင်ခြင်မဲ့လွန်းနေလေသည်။
ဒီအရေးသည်ကား သခင်ကြီး၏မိသားစုနာမည်နှင့် ပတ်သက်နေ၏။ စီမင်းရုန်၊ ထပ်သည်းခံနိုင်ခြင်းမရှိတော့လျက်၊ ထပြောလာတော့သည်။
“သခင်ကြီး…”
သို့သော်၊ စီမင်းရုန် မပြောရသေးခင်မှာပင်၊
စီရီဟန်၊ သူ့အား ကြားဖြတ်ကြည့်လာချေသည်။
“သုံးလအတွင်း ကျန်းမာရေးမကောင်းလာဘူးဆိုရင်
ကျွန်တော်တို့ ခွဲစိတ်ဖို့လုပ်ကြမယ်။ ကျွန်တော် သေရင်…”