စာစဉ် ၂၀ ( ၁၅ + ၁၆ )
9.2K 769 1
Book.              :   20
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၁၅။ အဂါင်္အစားထိုးခြင်း
အဘွားအိုသည် နောက်ကပါလာသည့် စုန့်ပိုင်ချောင်အား ကြည့်လိုက်ပြီး၊ တုန်ရီနေသည့်အသံဖြင့် မေးလာသည်။
“ဒေါက်တာ စုန့်၊ အားကျိုရဲ့ကျန်းမာရေးအခြေအနေ ဘယ်လိုလဲ ? တိုးတက်မှု ရှိလား ?”
စုန့်ပိုင်ချောင်၊ သူတို့အား လော်ဘီခန်းသို့ ခေါ်ဆောင်သွားကာ၊ အချိန်အကြာကြီးကြာအောင် တွေးတွေးဆဆလုပ်နေပြီး၊ နောက်ဆုံးတွင်မှ ပြောလာသည်။
“သခင်လေး ၉ ရဲ့အဂါင်္တွေက စပြီးတော့ ယိုယွင်းလာပြီလို့ ကျွန်တော် မှန်းဆခဲ့ပြီးတော့ ဒီတစ်ခေါက်မှာ ကျန်းမာရေးစစ်ဆေးမှု လာလို့ဖို့ ကျွန်တော် ပြောထားခဲ့ပါတယ်။ ရလဒ်ကတော့….”
“ရလဒ်က ဘာများလဲ ?”
အဘွားအိုသည် စိတ်မရှည်နိုင်စွာဖြင့် မေးခွန်းထုတ်လာသည်။
ရီဝမ်ဝမ်သည်ကား၊ လေးလေးနက်နက်အမူအရာဖြင့်
စုန့်ပိုင်ချောင်အား ကြည့်လို့နေ၏။
စုန့်ပိုင်ချောင် ပြောလာသည်။
“တကယ်တော့ သခင်လေး ၉ ရဲ့ ကျန်းမာရေးက
နည်းနည်းလေး တိုးတက်လာပါတယ်….”
အဘွားအို ပျော်ရွှင်မသွားမိခင်မှာပင်၊
စုန့်ပိုင်ချောင် လေသံပြောင်းလာသည်။
သူ ၊ လေးနက်စွာဖြင့် ပြောလာ၏။
“ဒါပေမယ့်၊ ဒီတိုးတက်မှုလေးက သခင်လေး ၉ အတွက်တော့ ရေပုံးထဲက ရေတစ်စက်လောက်လေးပဲ ရှိပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေက အဟုန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့ တောမီးလိုပါပဲ။ ရေစက်လေးတစ်စက်က အဲဒါကို ငြှိမ်းသတ်နိုင်မှာမဟုတ်ပါဘူး”
“ကျွန်တော် ကြည့်ကြည့်တော့ သူ့ရဲ့ခန္ဓာကိုယ်အဂါင်္တွေတော်တော် များများက စပြီးတော့ ပျက်စီးနေပါပြီ။ အထူးသဖြင့်တော့
သူ့ရဲ့ ကျောက်ကပ် နဲ့ အဆုတ်ပါ။ တော်တော်လေးကို ဆိုးဆိုးဝါးဝါးအခြေအနေကို ရောက်နေပါတယ်….”
အဘွားအို ၊ ဒါကို ကြားလိုက်သည့်အချိန်၊
သူမ၏ကိုယ်သည် တုန်ချိသွားတော့ပြီး၊
သူမအနောက်ဘက်က သစ်သားထိုင်ခုံပေါ်
ပုံခနဲ လဲကျသွားတော့သည်။