စာစဉ် ၂၂ ( ၅ + ၆ )
10.1K 827 35
Book.              :   22
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂၊ အခန်း ၅။ ကံကောင်းလို့
သေသေချာချာလေး စဉ်းစားလိုက်ပြီးသည့်နောက်၊
ရီဝမ်ဝမ် သူမ ယောကျာ်းလေးအသွင် ရုပ်ဖျက်ထားသည့်အကြောင်းကို အချိန်တစ်ခုအထိ သူတို့အား မပြောပြတော့ရန် ဆုံးဖြတ်လိုက်တော့၏။
“ငါ အဲ့ဒီလောကထဲ ရောက်တာမကြာသေးဘူးဆိုတော့ အဲ့လောက်ကြီး လည်း မဟုတ်သေးပါဘူး။ ငါ နာမည်ရလာပြီဆိုတာနဲ့ နင်တို့တွေကို
ငါ အသိပေးပါ့မယ်”
ကျန်းယန်ရန် တစ်စုံတစ်ခုအား အမှတ်ရမိသွားဟန် တူသည်။ ရီဝမ်ဝမ်ဘက်သို့ လှည့်လာ၏။
“ဟုတ်သားပဲ ။ ၀မ်ဝမ်၊ နောင်ကျရင် နင် ငါနဲ့ စာချုပ်ချုပ်မယ်လို့ ပြောထားတယ်နော် - အဲဒါကို မမေ့ဘူးမှတ်လား ?”
ရီဝမ်ဝမ်၊ တသိမ့်သိမ့် ရယ်မောလာတော့သည်။
“အင်းပေါ့ ဘယ်မေ့ပါ့မလဲ ။ ယန်ရန်၊ နင် အခုတော့ သရုပ်ဆောင် လောကထဲ ၀င်ဖို့ မလောနဲ့ဦး - အခြေခံကိုပဲ အရင်ဆုံး အာရုံစိုက် လေ့လာနေ ။ နင် ဘွဲ့ရပြီ ဆိုရင် ငါလည်း အနုပညာလောကထဲမှာ အခြေကျနေလောက်ပြီ။ အဲ့တော့မှ ငါနဲ့အတူ အလုပ်လုပ်ကြတာပေါ့”
ရီဝမ်ဝမ်၊ တန့်သွားပြီးနောက် သူမနံဘေးဆီက မိန်းကလေးကို ကြည့်လာကာ ဆက်ပြောလာသည်။
“ငါ အခုတော့ နင်နဲ့စာချုပ်မချုပ်သေးဘူး။ ဒါဆို နင်လည်း
ငါနဲ့အတူ လိုက်ပြီး ဒုက္ခခံနေစရာမလိုတော့ဘူးပေါ့”
ရီဝမ်ဝမ် ပြောလိုက်သည်ကို ကြားလိုက်ပြီးသည့်နောက်၊
ကျန်းယန်ရန်၊ သူမ၏ပါးပြင်တို့ အရှိန်ငြီးငြီးတွတ်ရဲသွားတော့ကာ ခေါင်းညိတ်ဆိုလာတော့သည်။
“အင်း၊ ငါလည်းပဲ ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး လုပ်မယ် !”
ချစ်သူလေးအား ကြည့်လို့နေသည့် ချူဖုန်း၊ ဒီနောက်
ရီဝမ်ဝမ်ဘက်သို့ လှည့်လာကာ တီးတိုးဆိုလာတော့သည်။
“၀မ်ဝမ် မမ…”
“ဘာလဲ ?” ရီဝမ်ဝမ်၊ ချူဖုန်းအား ကြည့်လာ၏။
ချူဖုန်းကား သူ၏နှုတ်ခမ်းတို့ကို ကိုက်ထားလျက် ။
“မမ ကျွန်တော့်ကို သင်ပေးလို့ရမလားâ