စာစဉ် ၂၁ ( ၇ + ၈ )
8.2K 726 3
Book.              :   21
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၁၊ အခန်း ၇။ မိန်းကလေး သို့မဟုတ် ယောကျာ်းတစ်ယောက်ကို တွေ့ဆုံခြင်း
လျိုယင် ၊ စိမ်းသက်သည့်မျက်နှာဖြင့် မောင်းသူနေရာဘေးတွင် ၀င်ထိုင်လိုက်ချိန်၊ ရီဝမ်ဝမ်သည်ကား နောက်ခန်းတွင် မျက်လုံးတို့ကို မှိတ်လျက် မှီထိုင်နေလေသည်။ ကားကို မောင်းသူကား လျိုယင်၏ လူတွေထဲက တစ်ယောက်ဖြစ်သည့် စုန့်ုကျင်း မောင်းခြင်း ဖြစ်၏။
စုန့်ကျင်း ၊ နောက်ကြည့်မှန်ကနေ တစ်ချက်ရှိုးကြည့်လိုက်ပြီး၊
နောက် တိုးတိုးလေး ပြောလာသည်။
“အာ၊ ကပ္ပတိန်၊ ဒေါသထွက်မနေပါနဲ့တော့ဗျာ။ ဘော့စ်က သူမကို ကြိုက်နေတာကိုး - ကျွန်တော်တို့ ဘာလုပ်လို့ရမှာလဲ”
“ပါးစပ်ပိတ်စမ်း !”
လျိုယင် ၊ သေချာပေါက် စိတ်မကြည်မသာဖြစ်နေသည်ပင် ။
သူသည် တကယ်ကြီး ဤမိန်းမအား လိုက်ပို့ပေးနေရသည်။
ဒါသည် သူ့အား လုံးဝအတိ ထိုးနှက်လို့နေ၏။
“အိုး…” စုန့်ကျင်း စကားပြောရပ်သွားတော့သည်။
အချိန်တခန ကားမောင်းလာပြီးသည်တွင်၊
တိတ်တိတ်မနေနိုင်ပါသည့် စုန့်ကျင်း စကားပြောဆိုလာပြန်သည်။
“ကပ္ပတိန်၊ နတ်ဘုရားမလေး ရူရှီက အိမ်တော်ကြီးရဲ့ သခင်မ ဖြစ်ဖို့ အရည်အချင်းအပြည့်ဆုံးဆိုပေမယ့်လည်း ရီဝမ်ဝမ်ကလည်း
ကပ္ပတိန် ထင်သလောက် မဆိုးဘူးလားလို့ ?”
“ရုပ်ရည်ကို အသာထားပါဦးဗျာ ။ မိန်းကလေးတွေ နည်းနည်းပွစိပွစိ လုပ်တတ်တယ်ဆိုတာက ပုံမှန်ပဲမဟုတ်ဘူးလား ? ဒါက ဘာမှကို မဟုတ်ဘူး ! ပြီးတော့လည်း၊ တိုင်းပြည် B ကို ခရီးထွက်တုန်းက သူလျိုက သူမကို သတင်းပေးထားခဲ့လို့ဆိုပေမယ့်လည်း သူမက ကောင်းကောင်းကြီးကို ဆောင်ရွက်နိုင်ခဲ့တယ် - ဒါကလည်း အရည်အချင်းပဲ ! ကျွန်တော်တို့ရဲ့လူတွေကိုတောင်မှ သူမ အရူးလုပ်နိုင်ခဲ့တယ်ဗျ”