စာစဉ် ၁၉ ( ၁ + ၂ )
10K 791 2
Book. : 19
Chapter. : 1 + 2
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၁။ သွားသေလိုက်တော့။
ရီဝမ်ဝမ်၊ ခပ်မြန်မြန်ပင် အောက်သို့ဆွဲချကြည့်လိုက်ရာ။
သူမ ကြောက်နေမိသည့်သူကြီး ကုန်ရွှီသည်ကား
သူမ၏ပုံတူအား ဆွဲပင်ဆွဲထားလေပြီ ။
သောက်ကျိုးနဲ ။ ငါ့လာနောက်နေတာလား။
ရီဝမ်ဝမ်၏နှလုံးသားလေး ဒုတ်ခနဲဒုတ်ခနဲနှင့် ပြင်းထန်စွာ အမြန်ကြီး ခုန်နေတော့ပြီ။ သူမလေးသည် အောက်သို့ဆွဲချကြည့်ကြည့်ဖို့ အတွက်ပင် တုံ့နှေးနှေးခံစားနေမိတော့ချေပြီ။
သူမ၊ မျက်လုံးတို့ကို ဖွင့်ရုံဆိုသလောက်သာ ဖွင့်ထားနိုင်တော့ပြီး။ သူမ၏လက်တို့မှာ အောက်သို့ဆွဲပွတ်လိုက်သည့်အခိုက် တုန်ခိုက်လို့နေပြီ....
ထိုပုံတူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးသည်တွင်တော့ နောက်ထပ်တစ်ကြိမ် မျက်မှောင်တို့ ကြုတ်မိသွားတော့သည့်
ရီဝမ်ဝမ်။
ဟားဟား ။
ကုန်ရွှီ၊ သွားသေလိုက်တော့။
သူ ဘာပုံကြီး လျှောက်ဆွဲထားတာလဲ။
ငါ့အကျီင်္အရောင်တူနေတာကလွဲပြီးတော့ ဘယ်နေရာကများ ငါနဲ့တူနေလို့လဲ။
သူ့အား ကျိတ်သရော်လို့နေသလို၊ တစ်ဖက်တွင်လည်း စိတ်အေးသွားရ တော့သည့် ရီဝမ်ဝမ်။ သူ့တွင် လုံးဝအတိပင် အနုပညာအရည်အချင်း ရှိမနေခြင်းပေါ် ကျေးဇူးတင်မိလိုက်တော့သည်။
ကံသီသွားတယ်...
ငါ စောစောကသာ သိထားခဲ့ရင် သူ သနားစရာကောင်းနေတာကို မြင်နေတာနဲ့ သနားပြီးတော့ သကြားလုံးတွေ ပေးမိမှာမဟုတ်ဘူး...
ယခုတွင်ကား လူတိုင်းသည် သူမလေးအား လိုက်ရှာနေကြပေပြီ။
သူမ သကြားလုံးသွားဝယ်စဉ်တုန်းက သူမအား တစ်ယောက်ယောက် သတိထားမိသွားပြီလားဆိုသည်ကို သူမအနေဖြင့် မသေချာပါချေ။ ကြည့်ရသည်တွင်တော့ ဒီရက်ပိုင်းအတွင်းမှာ သူမအနေဖြင့် သတိကြီးကြီးထားပြီး မိန်းကလေးအသွင်နှင့် တိုက်ခန်းရှေ့တွင် ရှိနေခြင်းကို ရှောင်ရှားမှ ရပေတော့မည်။