Book. : 20
Chapter. : 5 + 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၂၀၊ အခန်း ၅ ။ မလုပ်ရက်ဘူး
စီရှား တုတ်တုတ်မလှုပ်ဘဲ ရပ်လို့သာနေသည်ကို မြင်လိုက်ရသည့်ခါ၊ ရီဝမ်ဝမ်၊ သူ့အား အတင်းပြောလာတော့၏။
“ဒေါ်လာ ၃၀ ဆိုတာက ပိုက်ဆံမဟုတ်လို့လား၊ ဟမ် ? တစ်မိနစ်တိုင်း၊ တစ်နာရီတိုင်းမှာ သန်းပေါင်းများစွာရှာနေနိုင်တဲ့ နင့်ရဲ့ဦးလေးကတောင်မှ ဘာမှကွန်ပလိန်းမတက်ဘူး ! အခုချက်ချင်း ခေါက် !”သူမလေး၊ အပြာရောင်စက္ကူတစ်ထပ်အား ကမ်းပေးလိုက်တော့ချေသည်။
ရီဝမ်ဝမ် လက်ထဲက တောက်ပနေသည့်စက္ကူတို့ကို ကြည့်လိုက်ရင်း၊ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်တော့ကာ စိတ်မပါလက်မပါဖြင့် လက်ခံလိုက်ရတော့သည့် စီရှား ။
ငါ ဒီမှာ ဘာအတွက် ရှိနေရတာလဲ…
ကြယ်တွေအား အကောင်းဆုံးခေါက်နေသူမှာ စီရီဟန် ဖြစ်လို့နေ၏ - ကြယ်တစ်ပွင့်ချင်းစီတိုင်းသည် ပြီးပြည့်စုံသည့်ထောင့်ချိုးတို့ ရှိနေပြီး အနုပညာမြောက်လှချေသည်။ သူ၏ကြယ်တို့ရဲ့နောက်ကနေ ရီဝမ်ဝမ်၏ကြယ်တို့သည် သာမန်လိုက်လေသည်။ အဆိုးဆုံးသည်ကတော့ စီရှား၏ရော့တိရော့ရွဲ၊ ရုပ်ဆိုးပန်းဆိုးနှင့် အချိုးမညီမညာကြယ်တို့တည်း ဖြစ်၏….
စီရီဟန်သည်ကား ပန်းရောင်ကို သုံးထားပြီး၊ စီရှားကား အပြာရောင်နှင့် ရီဝမ်ဝမ်ကား အ၀ါရောင်ကို သုံးထားခြင်းဖြစ်၏။ သူတို့သုံးဦးသားသည် သက်သက်စီလုပ်ကြခြင်းဖြစ်ပြီး၊ သူတို့တွေ ကြယ် ၁၅၀ ခေါက်ပြီးသွား ကြသည်နှင့် ချက်ချင်းပင် ရီဝမ်ဝမ် ပျော်ရွှင်မှုအပေါင်း ထုံလွှမ်းလျက် စားပွဲထိုးမလေးအား ခေါ်လိုက်တော့သည်။
“ကျွန်မတို့ ပြီးပြီ”
“မိန်းကလေးတို့ ခေါက်ထားတာတွေက တကယ့်ကို ကောင်းတာပဲ”
စားပွဲထိုးမလေးသည် ပန်းရောင်အထုပ်နှင့် အ၀ါရောင်အထုပ်ကို ကြည့်ပြီးသွားသည်နှင့် မချီးမွမ်းမလေးစားဘဲ မနေနိုင်တော့ချေပြီ။ သို့သော်၊ သူမ၊ စီရှား၏အိတ်အား တွေ့လိုက်သည်တွင်တော့ သူမ၏မျက်နှာ အနည်းငယ် တွန့်သွားရတော့သည်။
ESTÁS LEYENDO
Romanceစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။