စာစဉ် ၂၀ ( ၇ + ၈ )
9.6K 920 17
Book.              :   20
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၀၊ အခန်း ၇။ ဘယ်လိုတွေတောင် မှန်းနေတာလဲ ?
သူတို့၏စားပွဲဝိုင်းသည် စတိတ်စင်နှင့် အလွန်တရာနီးကပ်စွာ ရှိနေရခြင်းကြောင့်၊ သူတို့တွေ ဂိမ်းကစားကြရတော့မည်တည်း ။
အိမ်ရှင်သည် သူတို့သုံးဦးသားအား မြင်လိုက်သည့်အချိန်၊
မျက်လုံးတို့ ၀င်းပသွားတော့သည်။
သူမ၊ အရှေ့သို့ လျှောက်လှမ်းလာတော့ပြီး မေးလာသည်။
“ဒီဂိမ်းမှာ ဘယ်သူကစားမှာလဲ သိလို့ရမလားရှင့်”
ရီဝမ်ဝမ်၊ သူမကိုယ်သူမနှင့် စီရှားအား
လက်ညှိုးထိုးပြလိုက်တော့ရင်း။
“ကျွန်မတို့နှစ်ယောက်”
“နှစ်ယောက်က ဘယ်လိုမျိုးပတ်သက်နေတာလဲ သိလို့ရမလား ? သူငယ်ချင်းတွေပဲလား ?”
အိမ်ရှင်အမျိုးသမီးသည် သူတို့တွေ ချစ်သူတွေဟုတ်သလားဟု မေးချင်နေခြင်း ဖြစ်၏။ သို့သော်၊ ဒီမိန်းကလေးသည် ဒီကောင်လေးနှင့် တွဲနေဟန်ပေါက်သော်ငြားလည်း၊ သူမသည် သူမဘေးနားကလူနှင့် ပိုလို့အရောဝင်နေချေသည်ဖြစ်သည်မို့။
စီရှား ပေါက်တတ်ကရတွေ ပြောထွက်မလာခင်၊
ရီဝမ်ဝမ် အရင်ဆုံး လျင်လျင်မြန်မြန် ခပ်သွက်သွက်
ပြောလာရတော့၏။ “ဆွေမျိုးတွေပါ”
“နားလည်ပါပြီ၊ ကောင်းပါတယ်ရှင်။
ဒါဖြင့် ကျွန်မတို့ မစခင် ပြောပြစရာလေးတွေ ရှိပါတယ် ။ အခုလောလောဆယ်အမှတ်အမြင့်ဆုံးရနေတာက ၈ မှတ်ပါ ။ရှင်တို့နှစ်ယောက် ဆုရဖို့အတွက်ဆိုရင် အဲဒီအမှတ်ကို ကျော်ဖို့လိုပါ လိမ့်မယ်။ အမှတ်တူနေမယ်ဆိုရင်တော့ ကျွန်မတို့တွေ အစက ပြန်စ ကြပါမယ်။ တခြားမေးစရာမရှိတော့ဘူးဆိုရင် အခုစပါတော့မယ် !”
“မရှိဘူး၊ စကြတာပေါ့ !” စီရှား၊ ထပြောလာခြင်းပင်။
ရီဝမ်ဝမ်၊ေ၇ွးချယ်စရာ မရှိချေတော့။
သူမလေး၊ သူနှင့်ရောယောင်သာ လိုက်ပြောရတော့လေသည်။
“မရှိပါဘူး”