Book. : 23
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၂၃၊ အခန်း ၁၇။ သူ့အကြောင်းနဲ့သူ ရှိမှာပဲ
သူတို့ စကားပြောဆိုနေကြချိန်၊ အစည်းအဝေးခန်း၏တံခါးမသည် အသာယာလေးတွန်းဖွင့်လာချေသည် ။
“သခင်မလေး ရူရှီ !”
သူမကို မြင်လိုက်ရသည့်အခါ၊ ခေါင်းဆောင်အားလုံး
လျင်မြန်စွာဖြင့် သူမအား နှုတ်ဆက်လိုက်ကြ၏။ချက်ချင်းဆိုသလိုပါပင် မတ်တပ်ထရပ်လာသည့် လျိုချန်း။
“သခင်မလေး ရူရှီ၊ ထိုင်ပါခင်ဗျာ”“ရပါတယ်ရှင်” ရူရှီ၊ ပြုံးကာ ပြောလာ၏။ “ကျွန်မ ဘယ်လိုလုပ်ပြီး ဒီထိုင်ခုံမှာ ထိုင်လို့ဖြစ်ပါ့မလဲ ? ဒါက ဥက္ကဌ အတွက်ပဲကို”
ချင်းရူရှီ၊ ပြောပြီးသွားသည်နှင့် လျိုယင် နံဘေး ထိုင်ချလိုက်၏။ချင်းရူရှီ၏အနောက်တွင်ကား မှုန်သုန်နေသည့်အမူအရာနှင့် လူတစ်ယောက် ပါလာချေသည် ။ သူကား ကိုယ်ရံတော်အဖွဲ့ဝင် တစ်ဖြစ်လဲ လျိုယင်၏မိတ်ဆွေရင်းကြီး၊ ယွမ်ရှန် ပါတည်း ။
အခုတလောတွင်၊ ယွမ်ရှန်သည် ချင်းရူရှီနှင့် တစ်ချိန်လုံး လေ့ကျင့်နေရပြီး၊ ချင်းရူရှီနှင့်လျိုယင်သည် အီလဲဗင်းကို ကန်ထုတ်ပစ်နိုင်ဖို့ရာအတွက် ယွမ်ရှန်အား အနက်ရောင်အဖွဲ့ ၁ ၏ ခေါင်းဆောင်ဖြစ်လာစေရန် ကျိတ်ကာကြံစည်နေကြခြင်း ဖြစ်၏။
“ယွမ်ရှန်၊ သခင်မလေး ရူရှီနဲ့ ထရိန်နင်ဆင်းရတာ ဘယ်လိုလဲ ?” လျိုယင်၊ သေတော့မတတ် ခပ်စိန်းစိန်း ခပ်တင်းတင်းအမူအရာ ရှိနေသည့်လူအား မေးလိုက်ရာ ။
“ကပ္ပတိန်၊ သခင်မလေး ရူရှီက တိုက်ခိုက်ရေး အရမ်းတော်ပြီးတော့ အသင်ပြအရမ်းကောင်းပါတယ် ။ တိုက်ခိုက်တာအတွက်တော့ ကပ္ပတိန်ကိုယ်တိုင် ဒုက္ခခံနေစရာ မလိုပါဘူးဗျာ။ ကျွန်တော်နဲ့တင် အီလဲဗင်းကို လတ်စသတ်ပစ်နိုင်ပါတယ်” ထိုမှုန်ကြုတ်နေသည့်မျက်နှာနှင့်လူသည် ချင်းရူရှီဘက် လှည့်ကာ ပြောနေ၏။ သူ၏မျက်နှာမှာ ချီးကျူးလေးစားမှုတို့ကား အထင်းသား။
YOU ARE READING
Romanceစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။