Book. : 21
Chapter. : 9 + 10
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၂၁၊ အခန်း ၉။ အရည်အချင်းမပြည့်ဘူး
ရီဝမ်ဝမ်၊ ကျန်းယန်ရန်အား ဖေးဖေးမမ တွဲခေါ်ကာ
လူအုပ်ထဲ ကြိုးစားတိုးဝင်လို့နေ၏။သူမသည် ထိုမိန်းကလေးအား အရင်က တစ်နေရာရာတွင် မြင်ဖူးသည်မှာ သေချာပါသော်လည်း ထိုအခိုက်အတန့်အား အမှတ်ရခြင်း မရှိပါချေ။
ငါ ပြန်ရောက်တော့မှပဲ စဉ်းစားတော့မယ်….ရီဝမ်ဝမ်၊ တွေးတောလို့နေမိရင်း ကျန်းယန်ရန်အား ကူတွဲပေးရာမှ၊ ဘားကောင်တာကို ရောက်သည့်အခိုက် လူတစ်စု၏ပိတ်ရပ်ခြင်း ခံလိုက်ရတော့သည်။
ရီဝမ်ဝမ်၊ သူတို့အား အာရုံထားနေခြင်းမရှိဘဲ ရှောင်သွားလိုက်၏။
သို့သော်၊ သူမ ရှောင်သွားသည်နှင့် တခြားတစ်ဖက်ကနေ ပိတ်ရပ်လာကြပြန်သည်။
ခနခန ပိတ်ရပ်ခံရပြီးသည့်နောက်၊ တစ်ခုခုတော့
မူမမှန်တော့သည်ကို ရီဝမ်ဝမ် နားလည်သွားတော့သည် ။
သူတို့ တမင်သက်သက် လုပ်နေကြတာလား ?ရီဝမ်ဝမ် ၊ ခေါင်းကို မော့လိုက်တော့ပြီး သူမတို့၏လမ်းအား ပိတ်ရပ်နေကြသည့် လူတို့အား ကြည့်လိုက်၏။
အရှေ့တွင် ရပ်နေသူသည်ကား ခေါင်းအစခြေအဆုံး အာမန်နီဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားပါသည့် ယောကျာ်းတစ်ယောက် ။ သူသည်ကား အရှက်မဲ့ပုံ ပေါ်ချေသည် - သူ၏ရီဝေနေသည့် မျက်လုံးတို့သည် မှုန်မှိုင်းကာ အသက်မဲ့နေသယောင်ယောင် ။
သူသည် သူမလေးအား မုဆိုးတစ်ယောက်၏ အကြည့်တို့နှင့် ကြည့်လို့နေ၏။သူ၏နောက်တော်ပါးတွင်ကား အနက်ရောင်ဝတ်ထားသည့် ဗလတောင့်တောင့်ယောကျာ်းအနည်းငယ် ပါလေသည်။
သူတို့သည် သာမန်ဘော်ဒီဂတ်တို့နှင့် မတူဘဲ လူချမ်းသာတို့၏ တင်းတင်းကျပ်ကျပ် ထရိန်နင်ဆင်းထားကြသည့် ဘော်ဒီဂတ်များ ဖြစ်ကြလေသည်။“ကျွတ်စ် ကျွတ်စ် ၊ လှလိုက်တာ…တကယ့်ကို လှလိုက်တာ…”
မင်းသားလေးကား အတိုင်းထက်အလွန် ပျော်ရွှင်လို့နေလေရင်း ။ ရွံရှာစရာကောင်းလောက်အောင် ရမ္မက်ခိုးတို့ဝေသည့်အကြည့်တို့ဖြင့် စိုက်ကြည့်နေပြီး မြွေတစ်ကောင်လို လျှာကို တစ်လစ်တစ်လစ် လုပ်လို့နေလေရာ၊ ရီဝမ်ဝမ်အဖို့ အလွန်တရာပင် ရွံရှာလို့နေပေသည်။
![](https://img.wattpad.com/cover/200698001-288-k596755.jpg)
KAMU SEDANG MEMBACA
Romansaစာစဉ် ၁၈ မှ စဖတ်နိုင်သည် ။ စာစဉ် ၁၈ မှ စပြီး ဖတ်နိုင်ပါသည်။