စာစဉ် ၁၉ ( ၃ + ၄ )
9.8K 758 1
Book.              :   19
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၉၊ အခန်း ၃။ လူရွေးချယ်ပွဲ
ရီဝမ်ဝမ်၊ ဟန်ရှန်းယွီအား လိုက်ပို့ပေးပြီးသည့်နောက်၊ ရုတ်တရက် ကုန်ရွှီ ပို့ခဲ့သည့်မက်ဆေ့ခ်ျတို့အား အမှတ်ရမိလိုက်တော့ရာ။
သူမ ငိုရမည်လော ရယ်ချပစ်လိုက်ရမည်လောပင် မသိတော့ချေ။
အဲ့ကောင်ကတော့ မှော်ပညာများ တတ်ထားသလားပဲ။
တစ်ခုခုတော့ တစ်ခုခုပဲ။ သူ ဘာလို့များ ဗေဒင်ဟောမစားရတာလဲ။ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာတောင်မှ တော်တော်များများ ကို မှန်နေတယ်။
သူ ငါ့ဆီကနေ နိမိတ်ဖတ်စွမ်းရည်တစ်ချို့ ခိုးယူထားတာများလား !
နောက်နှစ်ရက်အတွင်းတွင် ရီဝမ်ဝမ် ၊ လျိုချန်းနှင့် ဇာတ်ညွှန်းကိစ္စ မြန်မြန်အပြတ်ဖြတ်နေသလို တစ်ချိန်ထဲပင် ကျိုးဝမ်ဘင်း၏ လှုပ်ရှားမှုတို့ကိုပါ စောင့်ကြည့်လို့နေ၏။
ကျိုးဝမ်ဘင်းသည်ကား ဘာတစ်ခုမျှ စီစဉ်ထားခြင်းမရှိလေသည့်ဟန် ။ သူ့လက်ထဲတွင် ဘာရှိနေသည်ဆိုသည်ကို ရီဝမ်ဝမ် မသိချေ။
ကုန်ရွှီအတွက်သည်ကား၊ သူသည် အမြဲတမ်းပင် လူရှိန်လောက်သည့် အဆင့်အတန်းတွင် ရှိနေသည်ဖြစ်ရာ။ သူ တစ်ယောက်သောသူကို ရှာနေသည်ဖြစ်ကြောင်းကို တစ်ကမ္ဘာလုံးက သိနေပေပြီ။
သူကား သူ့ရဲ့ဖန်တွေကို ပြောပြထားရုံတင်မကသေး။ သူ့အနားတွင်ရှိနေကြသည့်လူတိုင်းကိုပါ ပြောပြထားခြင်းဖြစ်ရာ ။ ယခုတွင်တော့ အနုပညာလောကတစ်ခုလုံးသည်ပင်
ထိုအကြောင်းကို သိနေကြသည်တည့်။
ကံကောင်းစွာဖြင့်၊ ရီဝမ်ဝမ်သည် သူမအိမ်နားတစ်ဝိုက်တွင် မိန်းကလေး လို ၀တ်စားသည်မှာ ရှားပါးလှကာ၊ သူမ ၀တ်ခဲ့ပါက မျက်နှာဖုံးစွပ်ထား ခဲ့သည်မို့ပင်။ အဲဒီနေ့တုန်းက သူမအား ဆိုင်ထဲတွင် တွေ့ခဲ့သည်ဆို လျှင်တောင် သူမကို ရှာတွေ့ဖို့ဆိုသည်မှာ ပင်လယ်ထဲအပ်ပျောက်ရှာ သလိုပင်။
ထိုကိစ္စရပ်ဖြစ်သွားပြီး တစ်ပတ်ကျော်လွန်လာသည်ထိ
သူမအား ရှာမတွေ့ကြသေးသည်ဖြစ်ရာ၊ ထိုကိစ္စနှင့်ပတ်သက်လို့ ရီဝမ်ဝမ် သိပ်ပြီး စိုးရိမ်နေခြင်းမရှိတော့။ လူရွေးပွဲအတွက်သာ အာရုံစိုက်ထားတော့သည် ။