စာစဉ် ၂၂ ( ၁၇ + ၁၈ )
8.7K 886 26
Book.              :   22
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၂ ၊ အခန်း ၁၇။ ဆွံ့အသွားခြင်း
“သခင်မလေး ၀မ်ဝမ်၊ ဒါက သဘာဝပါပဲ ။ သိုင်းပညာအားလုံးထဲမှာ အစွမ်းအရှိဆုံးပညာရပ်ကတော့ သေခြင်းသိုင်း လို့ လူသိများတယ်” အီလဲဗင်း၊ လေးလေးနက်နက်ဖြင့် ပြောဆိုလို့နေ၏။
“သေခြင်းသိုင်း ?”
ရီဝမ်ဝမ်၊ ပိုလို့စိတ်အားထက်သန်စွာဖြင့်
အီလဲဗင်းအား ကြည့်လာချေပြီ ။
“ဟုတ်ပါတယ်” အီလဲဗင်း ပြောလာသည် ။
“သေခြင်းသိုင်းလို့ ခေါ်ကြတာက လူသတ်ဖို့အတွက် သုံးတဲ့သိုင်း ဖြစ်နေလို့ပါ။ သိုင်းပညာအထွဍ်အထိပ်ကို ရောက်သွားပြီဆိုတာနဲ့ လှုပ်ရှားမှုတစ်ချက်လေးနဲ့တင် လူတစ်ယောက်ရဲ့အသက်ကို နှုတ်ယူပစ်နိုင်တယ်။ သိုင်းကွက်တွေက ရက်စက်ပြီးတော့
ခုခံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
ရီဝမ်ဝမ်၊ တခနလောက် သေသေချာချာလေး စဉ်းစားလာပြီး ။
“ဒါဆို…သေခြင်းသိုင်းက သေနတ်နဲ့ တွေ့မယ်ဆိုရင်ရော…?”
အီလဲဗင်း သီးသွားတော့သည်။ “…”
ငါ တကယ်ပဲ သူမရဲ့မေးခွန်းတွေကို ဘယ်လိုဖြေရမလဲဆိုတာ သင်မှရမယ်…
“သေခြင်းသိုင်းက ကျည်ဆံတွေကို ကာပေးနိုင်လားဆရာ ?”
ရီဝမ်ဝမ်၊ လုံးဝအတိ လေးလေးနက်နက်ဖြင့် မေးလို့နေခြင်းဖြစ်၏ ။
အီလဲဗင်း၊ စတင်လို့ ဇောချွေးပျံလာရတော့ပြီ ။
“မကာပေးနိုင်လောက်ဘူးလို့….ထင်တယ်…”
“သေခြင်းသိုင်းက လက်နက်တွေအားလုံးကို ကာဆီးပေးနိုင်လောက်အောင် စွမ်းလား ဆရာ…?”
ရီဝမ်ဝမ် ၊ ထပ်ကာ မေးလာပြန်သည်။
နောက်ထပ်တစ်ဖန် ဆွံ့အသွားရပြန်သည့် အီလဲဗင်း ။
“ကျွန်တော်…မထင်ဘူး…”
“ဒါဆို ဆရာ ကျွန်မကို သေနတ်တစ်လက်ပဲ ပေးလိုက်ပါလား ?” ရီဝမ်ဝမ်၊ သူ့အား အထူးတဆန်းနှယ် ကြည့်လို့နေလေရာ ။