စာစဉ် ၂၃ ( ၁ + ၂ )
9.4K 842 16
Book.              :   23
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၃၊ အခန်း ၁ ။ အကျီင်္ဝတ်ပြီးရင် ပြောကြမယ်
ရီဝမ်ဝမ်အဖို့ ဒီညတွင် ရွှေသစ်ခွဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ဖို့ရာ ရှိနေသည်မို့ ။ သူမ ထရိန်နင်ပြီးသွားသည်နှင့် အ၀တ်အစားတို့ချွတ်ကာ ယောကျာ်းဝတ်စုံလဲလိုက်တော့လေပြီ ။
အိပ်ခန်းကြီးထဲတွင်ကား၊ ခုလေးကမှ အပ်စိုက်ကုသမှု လုပ်ပြီးသွား သည့် စီရီဟန် ။ သူ၏အပေါ်ပိုင်းဗလာကျင်းထားသည့် ကိုယ်ပေါ်တွင် မရေတွက်နိုင်သော ပြာနက်ရောင်အပ်ရာတို့ များစွာရှိလို့နေလျက် ။
ရီဝမ်ဝမ်၊ အပ်မြင်လျှင် ကြောက်တတ်သည်တည်းဖြစ်ရာ၊
ထို့ကြောင့်ပင် စီရီဟန် အပ်စိုက်ကုသမှုလုပ်လေတိုင်း
သူမ အနားတွင်ကပ်သီနေခြင်း မရှိပါချေ ။
“နာနေလား ?”
ရီဝမ်ဝမ် ၊ သူ့နံဘေးတွင် ထိုင်ချလိုက်တော့ပြီး မေးလိုက်၏။
စီရီဟန်၊ အကျီင်္ကို ကြယ်သီးပြန်တပ်နေရင်းကနေ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလာ၏။ “ရတယ်”
မျက်မှောင်တို့ ကြုတ်လာတော့သည့် ရီဝမ်ဝမ် ။
“နောက်ခါ…နောက်ခါကျရင် အဖော်လုပ်ပေးရမလား ?”
စီရီဟန်၊ သူမလေးအား တစ်ချက် ကြည့်လာကာ၊
နောက် ပြောလိုက်သည်ကား။
“မလိုဘူး ။ မင်း မူးလဲသွားမှ ကိုယ် မင်းကို ပြန်ပြုစုနေရလိမ့်မယ်”
“…” ရီဝမ်ဝမ် ပြန်မပြောနိုင်တော့ ။
သူကတော့ တကယ့်ကို စက်ရုပ်ကြီးပဲ ။
“အာ၊ ဟုတ်သားပဲ…”  တစ်ခုခုကို အမှတ်ရသွားသည့် ရီဝမ်ဝမ်။ သူမ၏အမူအရာမှာ ရုတ်ခြည်းပင် လေးလေးနက်နက် ဖြစ်လာကာ ။
“စီရီဟန်၊ ကျွန်မ ရှင့်ကို အရေးအရေးကြီးတာ ပြောစရာရှိတယ်”
ကြယ်သီးတပ်နေရင်းကနေ စီရီဟန်၊ ပြန်ဖြေလာ၏။
“ဘာများလဲ ?”
ရီဝမ်ဝမ် ၊ စီရီဟန်သည် အသားအရေတို့ကို လှစ်ဟပြထားလျက် ကြယ်သီးတို့ တပ်လို့နေသည်ကို စိုက်ကြည့်လို့နေရင်းမှ
ရုတ်တရက်ကြီး ပြောစရာစကားတို့ ပျောက်ရှိသွားလေရာ ။
“အမ်…”