((Zawgyi))
အပိုင်း ၁.၁
"သိပ်ဟုတ်တာပေါ့!! သူတို့က
F ယူနီဗာစီတီရဲ့
အသည်းကျော် နှစ်ယောက်လေ""ဟုတ်ကဲ့ ဆက်လက်ပြီးတော့.... ကျွန်တော်တို့ ကျောင်းရဲ့ ရုပ်အဖြောင့်ဆုံးကောင်လေးက 'Gone too far' ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ် ခင်ဗျာ... သူဟာဆိုရင်ဖြင့် ကျွန်တော်တို့ F ယူနီဗာစီတီရဲ့ အပြီးပြည့်စုံဆုံး Mr.Perfect ပေါ့ ခင်ဗျာ၊ ကောင်မလေးတွေဆို သူ့မြင်တာနဲ့ ကြွေဆင်းသွားရတာပါပဲ... အဲ.. ချွင်းချက်အနေနဲ့ အဲကောင်မလေးတွေက တစ်ချိန်တည်းမှာ ကျန်းလင်ရိကိုပါ မမြင်ခဲ့ရင်ပေါ့ဗျာ၊ ဒါပေါ့ သူ(ကျန်းလင်ရိ)ဆိုတာကလည်း ဆွဲဆောင်မှုမရှိခြင်းတို့ရဲ့ သဘာဝရန်သူတော်ကြီး၊ အလှနတ်မိမယ်လေးတွေရဲ့ ဇာတ်သိမ်းခန်းဆိုရင်လည်းမမှားဘူးလေ....."
စင်အောက်မှ အော်ဟစ်အားပေးသံများက မီးတောင်ပေါက်ကွဲထွက်သည့်အလား ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ lady killer ကြီး 'ဝမ်ကွမ်းနင်' ကို ကြိုဆိုလိုက်ရအောင်လားဗျာ"
မျက်နှာခပ်ဝိုင်းဝိုင်းနဲ့ အစီအစဉ်တင်ဆက်သူ စန်းစစ်ရန်က သူ့ရဲ့ ပျော်ရွှင်မှုအပြည့် လွန်လွန်ကျူးကျူး မိတ်ဆက်ခြင်းကို အဆုံးသတ်လိုက်သည်။
အဲဒီအချိန်မှာ အရပ်ရှည်ရှည် ငယ်ငယ်ချောချောနဲ့ အတော်ဆွဲဆောင်မှုရှိတဲ့ ကောင်လေး တစ်ယောက်ဟာ လေးနက်တဲ့ အမူအရာနဲ့ စတိတ်စင်နောက်နေ ပေါ့ပေါ့ပါးပါးလမ်းလျှောက်တက်လာတယ်။ သူက စန်းစစ်ရန်ကို ကျော်ပီး အရှေ့ကိုလျှောက်သွားရင်းက စန်းစစ်ရန်ဘက်ကို ကြည့်ကာ မျက်စောင်းထိုးပြီး ပြောလိုက်သည်။
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...