((Zawgyi))
အပိုင်း ၁၀
အအေးတစ်ခွက်တည်းကို အတူတူသောက်မယ်, မင်းတံတွေးတော့ မထွေးထည့်ထားပါဘူးနော်?ခုနစ်ရက်မြောက်နေ့ | အအေးတစ်ခွက်တည်းကို နှစ်ယောက်အတူတူသောက်ကြရန် ပြီးတော့ သူဘာစားရတာကို ကြိုက်တယ် မကြိုက်ဘူး ဆိုတာ တစ်ယောက်အကြိုက်ကို တစ်ယောက် မှတ်သားကြရန်
ရှိုရှို ဒီကသခင်လေး မနက်ဖြန်ကျရင် စာကြည့်တိုက်က ကော်ဖီဆိုင်မှာ မင်းနဲ့ စာအတူတူကျက်ဖို့ ဖိတ်ခေါ်ပါရစေ
ဖိတ်ခေါ်မှုကို ငြင်းဆိုပါတယ်
မင်းရဲ့ ငြင်းဆိုမှုက တရားမ၀င်ပါဘူး မနက်ဖြန်နေ့လည် ၃နာရီ ဒီကသခင်လေးက အချစ်ဦးလို ခံစားချက်တွေနဲ့ ပြည့်နေတဲ့ အရသာရှိတဲ့ အအေးတစ်ခွက် မှာပေးထားမယ် ငါနဲ့ အတူတူ လာသောက်လှည့်ပါ
Blue sky တစ်ခွက်ပဲ မှာပေးပါ ကျေးဇူးပဲ
အာ, ငါတို့ အိမ်က ရှိုရှိုလေးက ဒီလို ဘလူးဘယ်ရီအရသာ အအေးမျိုးကို ကြိုက်တာကိုး အဲဒါများ စောစောကပြောရောပေါ့. ကဲ ဒါဆိုလဲ!
သွားစမ်းပါ
နောက်ဆုံး မက်ဆေ့တစ်စောင်ပို့လိုက်ပြီးနောက် ၀မ်ကွမ်းနင် ဖုန်ပိတ်ကာ အိပ်ရာဝင်သွားတော့တယ်
ဝမ်ကွမ်းနင်ရဲ့ ပြန်စာကို ဖတ်ပြီး ကျန်းလင်ရိ အူမြူးနေတယ် သူဘာဖြစ်လိုများ အရင်က ၀မ်ကွမ်းနင်ကို စိတ်ကြီးဝင် ဘ၀င်မြင့်နေတဲ့သူလို့ ထင်ခဲ့ရတာလဲ? သူက ဒီလောက် စိတ်ပျော်ရွှင်အောင် လုပ်နိုင်တဲ့ဟာ!
ကျန်းလင်ရိ ရွှင်မြူးစွာ ပြုံးလိုက်တယ်
အဲ့ချိန်မှာ လျိုကျီဝိုက်ဆီကနေ့ မက်ဆေ့တစ်စောင် ၀င်လာတယ်လင်းရိ မနက်ဖြန်မနက် စာကြည့်တိုက်ကို တူတူသွားကြမလား?
BINABASA MO ANG
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...