အပိုင်း ၅၁ အခက်​အခဲ​တွေလား? အဲ့ဒါဘာကို​ပြောတာလဲ?

13.3K 1.6K 87
                                    

((Zawgyi))

အပိုင်း ၅၁
အခက်​အခဲ​တွေလား? အဲ့ဒါဘာကို​ပြောတာလဲ?

ဒီလိုနဲ့ ၀မ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိတို့ဟာ အမှန်​တကယ်​ကြီး အတူတူစတင်​​နေထိုင်​ပြီး​တော့ နှစ်​​ယောက်​အတူ ရှက်​ရွံမှု​တွေမရှိ စိတ်​မရှည်​စရာ​တွေ မရှိတဲ့ ဘ၀တစ်​ခုကို အတူတူ ​နေထိုင်​ကြမယ်​​ပေါ့?

ဖူး, ​သေချာ​ပေါက်​ အဲ့​လောက်​ဘယ်​အဆင်​​ချောပါ့မလဲ!

ကျန်းလင်​ရိဟာ သူတို့နှစ်​​ယောက်​လုံး ​နောက်​ဆုံးမှာနှလုံးသားချင်း ရင်းနှီးသွားပြီး ပိုမိုနီးစပ်​တဲ့ ဆက်​ဆံ​ရေးတစ်​ခုရလာပြီလို့ ​မျှော်​လင့်​ထား​ပေမယ့်​ သူတို့နှစ်​​ယောက်​ရဲ့ ည​တွေဟာ ​တို​တောင်းပြီး ခါးသီး​နေရတယ်

ဒါက တကယ်​​တော့ ၀မ်​ကွမ်းနင်​ဟာ မဆုံးမရှိ​​အေင်​ အချိန်​ပိုအလုပ်​​တွေဆင်း​နေရတာ​ကြောင့်​ပဲ

ကျန်းလင်​ရိဟာ ဖူမာအိုခါအိစိက ပြည်​မကြီးမှာ နယ်​​မြေသစ်​ကို အခိုင်​အမာ ​ခြေချနိုင်​ဖို့. အဆင်​သင့်​ဖြစ်​​နေပြီဆိုတာ သိ​နေတယ်. ဒီ​တော့ ​ဈေးကွက်​စီးပွား​ရေး မန်​​နေဂျာတစ်​​ယောက်​ဖြစ်​တဲ့ ၀မ်​ကွမ်းနင်​အ​နေနဲ့ည်း သူ့ရဲ့ အလုပ်​၀တ္တရား​တွေဟာ ပုံမှန်​​လောက်​​ပဲဖြစ်​​နေရမှာ. ဒါ​ပေမယ့်​ ခု​တော့ သူ့အလုပ်​​တွေက​ သိပ်​ကိုများပြား​နေပြီး ​နေ့တိုင်းကို ညနက်​တဲ့အထိ အချိန်​ပိုဆင်း​နေရတယ်​လား? တစ်​​ခါကဆို သူတစ်​ညလုံး အိမ်​ကိုပြန်​မလာနိုင်​တဲ့​နေ့​တွေ​တောင်​ရှိ​သေးတယ်​!

ကျန်းလင်​ရိဟာ ၀မ်​ကွမ်းနင်​နဲ့ ပတ်​သတ်​ပြီး အရမ်းကို စိတ်​မ​ကောင်းဖြစ်​​နေတယ်​. သူဟာ ညတိုင်း ညစာချက်​ထားပြီး ၀မ်​ကွမ်းနင်​ ပြန်​လာတဲ့အထိ အတူတူညစားစားဖို့ ထိုင်​​စောင့်​​နေတယ်​. ဒါ​ပေမယ့်​ အကြိမ်​အများစုမှာ ၀မ်​ကွမ်းနင်​ဟာ ပင်​ပန်းလွန်းလို့ အစားစားဖို့​တောင်​ အာသီသမရှိ​တော့ပဲ တစ်​ချိုးတည်း ၀င်​အိပ်​သွားရတာများတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Tempat cerita menjadi hidup. Temukan sekarang