အပိုင်း ၄၄ သင်​သိရဲ့လား? မိုး​မေလင်းဆိုတာ တကယ်​ကြီးရှိတယ်​!

11.3K 1.6K 218
                                    

((Zawgyi))

အပိုင်း ၄၄
သင်​သိရဲ့လား? မိုး​မေလင်းဆိုတာ တကယ်​ကြီးရှိတယ်​!

စ​နေ​နေ့ မနက်​ခင်း​စော​စောမှာ​တော့ ကျန်းလင်​ရိဟာ ၀မ်​ကွမ်းနင်ကို အိပ်​ယာ​ပေါ်က​​နေ အတင်းဆွဲ​ခေါ်လာတယ်​. ၀မ်​ကွမ်းနင်​ဟာ ကျန်းလင်​ရိ တက်​ကြွရွှင်​မြူး​နေတာကို မြင်​ရ​တော့ သူတို့နှစ်​​ယောက်​ ​ဂေးလုပ်​ကြဖို့ စပြီးသ​ဘောတူခဲ့တဲ့ အချိန်​​တွေကို ပြန်​ပြီး အမှတ်​ရ​သွားတယ်

မနက်​စာစားပြီးတဲ့​နောက်​မှာ​ ကျန်းလင်​ရိက ၀မ်​ကွမ်းနင်​ကို တိရစ္ဆာန်​ဥယျာဉ်​ဆီ ကား​မောင်းပြီး​တော့​ခေါ်သွားတယ်

မြို့​တော်​ G ရဲ့ တိရစ္ဆာန်​ဥယျာဉ်​ဟာ ​တော်​​တော်​​လေးနာမည်​ကြီးတယ်​. ၀မ်​ကွမ်းနင်​ဟာ ဒီတိရစ္ဆာန်​ဥယျာဉ်​ကို ​သူ​ငယ်ငယ်က​ ​ကျောင်းေ​လ့လာ​ရေးအဖွဲ့​တွေနဲ့ ​နွေရာသီတုန်းက တစ်​ခါ​ရောက်​ခဲ့ဖူးတယ်​. အဲ့ဒီ​နောက်​​​တော့ သူ F ယူနီဗာစီတီမှာ ​ကျောင်းတက်​​နေစဉ်​အချိန်​​တွေအပါအ၀င်​ ​နောက်​ပိုင်း​မှာ သူဒီကို ထပ်​မ​ရောက်​ဖြစ်​​တော့ဘူး. သူဟာ ကိုယ်​တိုင်​ကိုက တိရစ္ဆာန်​ရုံသွားချင်ရမ​ယ့်​ အရွယ်​မဟုတ်​​တော့ဖူးလို့ ယူဆတာ​ကြောင့်​ ဒီဘက်​ကို ​ယောင်​လို့​တောင်​ ​ခြေဦးမလှည့်​ဖြစ်​ခဲ့ဘူး

ခု​တော့ သူ့ဟာ ဒီ​နေရာကို ချစ်သူရည်စားနဲ့ ​​ချိန်း​တွေ့ဖို့ တကယ်​ကြီး ပြန်​​ရောက်​လာခဲ့ပြီ. ၀မ်​ကွမ်းနင်​ဟာ သူနဲ့ကပ်​လျက်​က ငှက်​​လှောင်​အိမ်​​လေးထဲမှာရှိတဲ့ အ​ရောင်​မျိုးစုံနဲ့ ဘာနာမည်​မှန်းမသိတဲ့ ငှက်​​တွေကို ​ငေးကြည့်​​နေရင်းက သူနဲ့ ကျန်းလင်​ရိဟာ ​တော်ေ​တာ်​ ​အဓိပ္ပါယ်​မရှိတာ​တွေလုပ်​​နေတာပဲလို့ ရုတ်​တရတ်​ခံစားလာရတယ်​.

ဝမ်​ကွမ်းနင်​ ​တောင်​​တွေး​မြောက်​​တွေးနဲ့ စဉ်းစားေ​နတဲ့အချိန်​မှာ သူ့​နောက်​ဘက်​က​နေ ကျယ်​​လောင်​ကျယ်​​လောင်​နဲ့ အသံကြားလိုက်​တယ်​.

ဝမ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့ နှစ်​​ယောက်​လုံး အ​နောက်​ကိုလှည့်​ကြည့်​လိုက်​ကြ​တော့ သူတို့နားကိုေ​ကာလိပ်​​ကျောင်းသားတစ်​စု ​လျှောက်​လာတာ​တွေ့လိုက်​တယ်​.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now