((Zawgyi))
အပိုင်း ၆
"တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးမယ်?
အခြေခံလူ့ကျင့်ဝတ်တွေ ဘာဖြစ်ကုန်ပြီလဲ?"တတိယနေ့ | တခြားသူများရှေ့တွင် တစ်ယောက်ကို တစ်ယောက် ချီးမွမ်းရန်
ဒီနေ့ရာသီဥတု အတော်ဆိုးတယ် လေတရွှီးရွှီးမြည်သံက ဆိုးရွားတဲ့ ရာသီဥတုကို ပိုပြီး အေးစက်စေတယ်
အဲ့ဒီ့ထက်ပိုပြီး အေးစက်နေတာကတော့ ကျန်းလင်ရိရဲ့ နှလုံးသားပဲ.....ဒီမနက်တော့ သူဟာ ဂွမ်းကပ်ခြုံစောင်ထဲမှာ နွေးနွေးထွေးထွေးနှပ်ရင်း စိတ်ထဲကနေ အလေးအနက် တွေးတောနေတယ်
သူ ၀မ်ကွမ်းနင်ကို တခြားသူတွေရှေ့မှာ ပေါ်ပေါ်တင်တင်လည်းဖြစ်အောင် အရမ်ကြီးလည်း မသိသာအောင် ဘယ်လိုနည်းနဲ့ ချီးမွမ်းခန်းဖွင့်ရမလဲ ဆိုတာပဲရိုးရိုးသားသားဝန်ခံရရင် ၀မ်ကွမ်းနင်ကို ဒုက္ခရောက်အောင် လုပ်ခိုင်းတာကမှ လွယ်ဦးမယ်. အရင်ကဆို သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သွယ်ဝှက်ပြီး အကြောင်းအမျိုးမျိုးနဲ့ မရေမတွက်နိုင်အောင် စော်ကားမော်ကားတွေ လုပ်ခဲ့ကြတာပဲ ဒါပေမယ့် ခု တစ်ယောက်ကို တစ်ယောက် ချီးမွမ်းရမယ်ဆိုတော့...
ဒါ.. အမှန်တကယ်ကို ခက်ခဲတာပဲ!သူ့ကို ချောတယ်လို့ ချီးမွမ်းရမလား? ပေါလိုက်တာ... ပြီးတော့သူက အဲ့လောက်လဲ မချောပဲနဲ့..
သူ့ကို ပါရမီရှင်ဆိုပြီး ချီးမွမ်းရမလား? သူပြောလို့ မထွက်ဘူး လူအများကြီးရှေ့မှာ ၀မ်ကွမ်းနင်ဟာ သူ့ထက်ပိုပြီး ပါရမီရှိပါတယ်လို့ သူဘယ်လိုဝန်ခံရမလဲ?
သူ့ကို လူယဉ်ကျေးလေး ပါလို့ ချီးမွမ်းရင်ကော? ၀မ်ကွမ်းနင် အမြဲပြောပြောနေတဲ့ "မင်းအဖေငါ"တို့ "fuck ပဲ"တို့ "နင့်အမ"တို့ကို စဉ်းစားမိလိုက်တော့... အဲ့လိုသွားချီးမွမ်းရင် သူကန်းနေလို့ပဲဖြစ်မယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...