အပိုင်း ၅၈ တစ်​​ယောက်​ကို တစ်​​ယောက်​ အသက်​ထက်​ဆုံး ချစ်​သွားကြမယ်

11K 1.5K 104
                                    

((Zawgyi))

အပိုင်း ၅၈
တစ်​​ယောက်​ကို တစ်​​ယောက်​ အသက်​ထက်​ဆုံး
ချစ်​သွားကြမယ်

ရက်​ ၃၀ ​မြောက်​​နေ့ | တစ်​​ယောက်​ကို တစ်​​ယောက်​ အသက်​ထက်​ဆုံး ချစ်​သွားကြရန်

ညစာစားပြီးတဲ့​နောက်​ ၀မ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့နှစ်​​ယောက်​ အိမ်​က​နေ အမြန်​ပြန်​ထွက်​သွားကြတယ်

ပါးပါးဝမ်​ဟာ ထမင်းစားပွဲမှာထိုင်​ကာ စီးကရက်​တစ်​လိပ်​ကို ရှိုက်​ဖွာ​နေတယ်​. မားမားဝမ်​က​တော့ ဒါကို ကြည့်​ရင်း သက်​ပြင်းချကာ ​ပြောတယ်

"​လောင်​၀မ်​, ရှင်​ဘာဖြစ်​လို့ က​လေး​တွေကို ဒီလိုမျက်​နှာပျက်​ရ​အောင်​ လုပ်​ရတာလဲ!"

ပါးပါးဝမ်​ဟာ ဘာမှပြန်​မ​ပြောဘူး. ဒါနဲ့ မားမားဝမ်​က သူဟာသူ ဆက်​​ပြော​နေလိုက်​တယ်

"တကယ်​​တော့ ကျွန်​မအထင်​ အဲ့က​လေးက မဆိုးရှာပါဘူး. သူက ​ယောကျာ်း​လေးတစ်​​ယောက်​ ဖြစ်​​နေ​ပေမယ့်​ ကြည့်​ရတာ အဆင်​​ပြေမယ့်​ က​လေးပါ"

အဲ့​တော့မှ ပါးပါးဝမ်​က စိတ်​မရှည်​လက်​မရှည်​နဲ့ ​ပြောလိုက်​တယ်

"မင်းကဘယ်​လိုများ ကြည့်​ပြီး သူ့ကို အဆင်​​ပြေမယ်​ထင်​ရတာတုန်း?"

မားမားဝမ်​ ​ဒေါသထွက်​သွားတယ်​. သူမက ထိုင်​ရာက ထကာ ထမင်းစားတူ​တွေ ခွက်​​ယောက်​​တွေကို သိမ်းလိုက်​ရင်းက ​ပြောလိုက်​တယ်

"ဘာဖြစ်​လို့လဲဆို​တော့ ဒီဟင်း​တွေက အဲ့​က​လေးချက်​ထားတာ မို့လို့ပဲ"

ပါးပါးဝမ်​ ​စီးကရက်​​တွေသီးသွားကာ ​ချောင်း​တွေတဟွတ်​ဟွတ်​ဆိုးသွားတယ်

"မင်း​ပြောတာ ဒီဟင်း​တွေ အားလုံးက သူချက်​ထားတာ ဟုတ်​လား?"

ပါးပါးဝမ်​ဟာ အစတုန်းက ဒီ​နေ့ တစ်​​နေ့လုံးစိတ်​မကြည်​မလင်​ဖြစ်​​နေတယ် ပြီး​တော့ အစားစားချင်​စိတ်​လည်း မရှိဘူး. ဒါ​ပေမယ့်​ ဒီ​နေ့ညစာက ခါတိုင်းနဲ့ မတူပဲ စား​ကောင်း​နေတာ​တော့ သူသတိထားမိတယ်​. သူထင်​လိုက်​တာက ဒါ​တွေအားလုံးက မားမားဝမ်​ အပြင်​က၀ယ်​လာတာ​ပေါ့. ဒါ​ပေမယ့်​ ဖြစ်​ချင်​​တော့ အဲ့ဟင်း​တွေ အားလုံးက ကျန်းလင်​ရိချက်​ထားတာ ဖြစ်​​နေတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now