((Zawgyi))
အပိုင်း ၅၂
ဂီတဖျော်ဖြေပွဲတစ်ခုကို အတူတူသွားကြည့်ကြမယ်. စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ ထုတ်ပြောမယ်၂၈ ရက်မြောက်နေ့ | ဂီတဖျော်ဖြေပွဲတစ်ခုကို အတူတူသွားကြည့်ကြရန် စိတ်လှုပ်ရှားဖို့အကောင်းဆုံးအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ပြောကြရန်
ဝမ်ကွမ်းနင်တို့ စားသောက်ဆိုင်မှာ စားသောက်နေတုန်းမှာပဲ ကျန်းလင်ရိဆီက ဖုန်းဝင်လာတယ်
"ချစ်ရတဲ့ နင် လေး, ဘယ်တော့ အိမ်ပြန်လာမှာလဲ!"
ဝမ်ကွမ်းနင် : "...."
ဝမ်ကွမ်းနင် : "လူလိုပြော"
ကျန်းလင်ရိ : " ငါ မင်းကို လွမ်းနေပြီ"
ဝမ်ကွမ်းနင် : "အင်း စားလို့ပြီးတော့မယ်. ခဏနေ ပြန်ခဲ့မယ်"
ဝမ်ကွမ်းနင် ဖုန်းချလိုက်တာနဲ့ ယုဂျင်, ဝေရီဝမ် နဲ့ သူ့ရဲ့လက်ထောက် အားလုံးက သူ့ကို ၀ိုင်းကြည့်နေကြတယ်. ဝေရီဝမ်က စပြီး အတင်းတုတ်လိုက်တယ်
"နင်ကော, ဘယ်သူဆီကလဲ?"
ဝမ်ကွမ်းနင်က လက်တစ်ဖက်နဲ့ သူ့မေးစေ့ကို ကိုင်လိုက်ရင်း
"မေးခွန်းတစ်ခုက ယွမ်တစ်ရာတန်တယ်. မင်း မေးချင်သေးလား?"
ဝေရီဝမ် : "နင်ကော ခင်ဗျား အိမ်က ဆိုမာလီက များလား? မမေးတော့ဘူး!"
ဒီလိုနဲ့ ပြသာနာက လွယ်လွယ်နဲ့ ဖြေရှင်းပြီးသွားတယ်.၀မ်ကွမ်းနင် အိမ်ပြန်ရောက်တော့ ကျန်းလင်ရိက ရေမိုးချိုးပြီး ည၀တ်အင်္ကျီအသစ်ကို ၀တ်ကာဧည့်ခန်းထဲမှာ စောင့်နေတယ်.
ပြောချင်တာက ဒါမဟုတ်ဘူး. ပြောချင်တာက __
ဘာလို့သူ့ရဲ့ ည၀တ်အင်္ကျီအသစ်က ကြယ်ပွင့် ပုံစံဖြစ်နေရတာလဲ!
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...