အပိုင်း ၂၁ စ​က်​ဘီးတူတူစီးကြရင်​နှလုံးခုန်​သံ​တွေအရမ်းမမြန်​​အောင်​သေချာထိန်း

10.1K 1.5K 75
                                    

((Zawgyi))

အပိုင်း ၂၁
"စက်​ဘီးတူတူစီးကြရင်​.... နှလုံးခုန်​သံ​တွေ အရမ်းမမြန်​​အောင်​ ​သေချာထိန်းသင့်​တယ်​~"

၁၆ ရက်​​မြောက်​​နေ့ | ဘက်​စ်​ကား​စီးလျှင်​ လက်​တန်း​ကို မကိုင်​ပဲ တခြားသူ၏ ခါး​လေးကိုသာ ဖက်​ပြီးစီးရန်​ ပြီးလျှင် မျက်​နှာချင်း ထိထားကာ တိတ်​​တိတ်​​လေး ခိုးနမ်းရန်

ကျန်းလင်ရိဟာ တစ်​ခါမှ ​​လူငယ်​ပီပီ ရည်းစားမထားဘူးတဲ့ အပြင်​ အမြဲတမ်းလိုလို သူများပိုးပန်းတာပဲ ခံခဲ့ဖူးတာ​ကြောင့်​ စက်​ဘီး​တွေရဲ့ အသုံးဝင်​မှုကို အစကတည်းက ​မေ့သ​လောက်​နီးပါးဖြစ်​​နေပြီ

ဘယ်​​လောက်​​တောင်​​မေ့​နေလဲဆိုရင်​ သူ့အခန်း​ဖော်​တစ်​​ယောက်​ ချစ်​သူ​ကောင်​မ​လေးရသွား​​တော့ စက်​ဘီးတစ်စီး​၀ယ်​လာတဲ့အချိန်​အထိပဲ သူ့အခန်း​ဖော်​၀ယ်​လာတဲ့ စက်​ဘီးက ​နောက်​တွဲထိုင်​ခုံ မပါဘူး. အဲ့အစား စက်​ဘီး​ရှေ့ဘားတန်းပဲ ပါတယ်​. အဲ့တုန်းက ​နောက်​တွဲထိုင်​ခုံ​လေး​​တောင်​မပါတဲ့ သူ့အခန်း​ဖော်​ရဲ့ ​စက်​ဘီးကို ကြည့်ုပြီး ကျန်းလင်​ရိ ခွက်​ထိုးခွက်​လန်​​ ရယ်​​လိုက်​တယ်​. ပြီး​တော့ သူ့အခန်း​ဖော်​ကို မင်း​ကောင်​မ​လေး​တော့ ​နောက်​တွဲထိုင်​ခုံပါတဲ့စက်​ဘီး ပိုင်​ရှင်​တစ်​​​ယောက်​​ယောက်​ ​နောက်​ပါသွားမယ်​​နော်​ သတိထားဦး​ ဆိုပြီး​တော့​တောင်​ သူ ​နောက်​လိုက်​​သေးတယ်

အဲ့ချိန်​မှာ သူ့အခန်း​ဖော်​က ချစ်​ဆိပ်​တက်​​နေ​တော့ သူ့ကို စိတ်​ပျက်​​နေ​ပေမယ့်​ ​အဓိပ္ပါယ်​ပါတဲ့ အပြုံးတစ်ခု​သာ ပြန်​ ပြုံးပြ​ခဲ့တယ်

နောက်​နှစ်​ရက်​​လောက်​​နေ​တော့ ကျန်းလင်​ရိဟာ သူ့အခန်း​ဖော်​နဲ့ ချစ်​သူ​ကောင်​မ​လေးတို့ စက်​ဘီးတူတူစီးသွားတာ​တွေ့​တော့မှ သူဘယ်​​လောက်​​တောင်​ ရူးနှမ်းပြီး နုံချာခဲ့သလဲဆိုတာ အမှန်​တကယ်​နားလည်​သွား​တော့တယ်

အာ, ကြည့်​ရတာ စက်​ဘီး​ပေါ်မှာ လူတင်​လို့ရတဲ့ ​နေရာဆိုတာ ​နောက်​တွဲထိုင်​ခုံတစ်​ခုတည်း ရှိတာမဟုတ်​ဘူးပဲ!

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now