အပိုင်း ၃၂ လျှို့ဝှက်​ချက်​တစ်​ခုအားအတူတူမြှုပ်​နှံကြခြင်း_ငါမင်းကိုကြိုက်တယ်

10.7K 1.5K 69
                                    

((Zawgyi))

အပိုင်း ၃၂
လျှို့ဝှက်​ချက်​တစ်​ခုအား အတူတူ မြှုပ်​နှံကြခြင်း_____ ငါ မင်းကို ကြိုက်​တယ်

၂၆ ရက်​​မြောက်​​နေ့ | နှစ်​ဦးစလုံး လျှို့ဝှက်​ချက်​တစ်​ခုစီ​ရေးပြီး သစ်​ပင်​ကြီးတစ်​ပင်​​အောက်​တွင်​ မြှုပ်​နှံကြရန်​. ထို့​နောက်​ အနာဂတ်​တွင်​ အချိန်​တစ်​ခုသတ်​မှတ်​ကာ ပြန်​လည်​တူး​ဖော်ကြရန်

သူတို့နှစ်​ဦးဟာ အပြန်​လမ်းမှာ​တော့ အိပ်​ရာထိုင်​ခင်းပါတဲ့ အထူးရထားကို စီးလာကြတယ်​. ဒီလိုဆို​တော့ သူတို့နှစ်​​ယောက်​လုံး ခရီးတ​လျှောက်​မှာ ရှက်​ရွံအားနာစရာမလို အိုးတိုးအန်းတန်းလည်း ဖြစ်​စရာမလို​ပဲ ​ရှောင်​တိန်းလို့ရသွားကြတယ်

ရထားကြီးဟာ ဂျုန်းဂျုန်းဂျက်​ဂျက်​နဲ့ ရှားမန်းမြို့မှ ထွက်​ခွာလာခဲ့တယ်​. ပြီးခဲ့တဲ့ နှစ်​ရက်​တာ အချိန်​က အရာအားလုံးဟာ တစ်​သက်​တာ မ​မေ့နိုင်​တဲ့ အမှတ်​တရများဖြစ်​သွား​တယ်​. ပြတင်း​ပေါက်​အပြင်​ကတစ်​ဆင့်​ မြို့​တော်​ကို  ​ဝေေ၀၀ါးဝါးမြင်​​နေရတယ်​. ပင်​လယ်​​လေနု​အေး​လေးဖြတ်​သန်းတိုက်​ခတ်​လာချိန်​မှာ​တော့ စိုစွတ်​မှု​လေးကို သယ်​​ဆောင်​လာ​နေဆဲ.......

ဘာတစ်​ခုမှ မ​ပြောင်းလဲသွားသလိုနဲ့ တကယ်​တမ်း​တော့ တစ်​ချိန်​တည်းမှာပဲ အရာအားလုံး​ပြောင်းလဲ​နေခဲ့​ပြီ

သူတို့အတွဲဟာ တစ်​ညလုံးမအိပ်​ခဲ့ကြတဲ့အပြင်​ အလွန်​အားအင်​ကုန်​ခမ်း​စေတဲ့ အလုပ်​ကိုလည်းလုပ်​ခဲ့ကြ​တာ​ကြောင့်​ အလွန်​ပင်​ပန်း​နေကြတာ အံသြစရာ​တော့ မဟုတ်​​ပေ. သူတို့ရဲ့ ပြင်းထန်​စွာ လှုပ်​ရှားတုန်​ခါ​နေတဲ့ စိတ်​​တွေကလည်း တည်​ငြိမ်​မှုရဖို့ ငြင်းဆန်​​နေကြတယ်​. အခုလို အလုံပိတ်​​နေရာတစ်​ခု​ကို ​ရောက်​တဲ့ အချိန်​မှ သူတို့ဟာ အိပ်​မက်​ကမ္ဘာထဲကို ကိုယ်​စီနစ်​၀င်​သွားကြ​လေ​တော့တယ်

ဝမ်​ကွမ်းနင်​ရဲ့ အိပ်​မက်​​တွေဟာ အ​တော်​​လေး ကစဉ့်​ကလျားနိုင်​တယ်​. သူဟာ ပထမဆုံးတက္ကသိုလ်​စ​ရောက်​တုန်းက  မှတ်​ဥာဏ်​​၀ိုးတ၀ါး​တွေဆီ ​ခေါ်​ဆောင်​သွားတာခံရတယ်​. ကျန်းလင်​ရိဟာ စစ်​၀တ်စုံ​လို ​ပြောက်​ကျားအင်္ကျီကိုဝတ်​ထားကာ ​နေ​ရော​င်ေ​အာက်​မှာ ရပ်​​နေတယ်​. သူဟာ အ​ဝေးမှာရပ်​​နေတဲ့အတွက်​ သူ့ပုံရိပ်​ကို ရှင်းလင်းပြတ်​သားစွာ မမြင်​နိုင်ေ​ပမယ့်​ ၀မ်​ကွမ်းနင်​က​တော့ ထို အကွာအ​ဝေးက​နေ​တောင်​ သူ့ရဲ့ အမြင်​ကတ်​ချင်​စရာ ​ဆောင့်​ကြွားကြွားအမူအရာကို ခံစားမိ​နေတယ်​.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now