အပိုင်း ၂၀ စက်​ဘီစီးရင်​​နောက်​​ခုံမပါပဲ​ရှေ့ဘားတန်းပဲပါတဲ့စက်ဘီးကိုရှာရန်

10.9K 1.6K 100
                                    

((Zawgyi))

အပိုင်း ၂၀
စက်​ဘီးစီးတဲ့အခါ ​နောက်​တွဲထိုင်​ခုံမပါပဲ ​ရှေ့ဘားတန်းပဲ ပါတဲ့ စက်​ဘီးမျိုးကို သင်​​ရွေးရမယ်

၁၆ ရက်​​မြောက်​​နေ့ | ဘက်​စ်​ကား​စီးလျှင်​ လက်​တန်း​ကို မကိုင်​ပဲ တခြားသူ၏ ခါး​လေးကိုသာ ဖက်​ပြီးစီးရန်​ ပြီးလျှင် မျက်​နှာချင်း ထိထားကာ တိတ်​​တိတ်​​လေး ခိုးနမ်းရန်

အမှန်​တရားက​တော့ မိုး​လေ၀သဋ္ဌာနကြီးဟာ မိန်းမတစ်​​ယောက်​ဖြစ်​တယ်​ဆိုတာပဲ. ပြီး​တော့ ရိုးရိုးမိန်းမ​တောင်​ မဟုတ်​ဘူး. ခန့်​မှန်းရခက်​တဲ့ မိန်းမ....

သင်က ​သူမရဲ့ ခန့်​မှန်းချက်​​တွေကို မှန်​ကန်​တိကျ​စေချင်​ပြီဆိုရင်​ သူမက ရာသီလာ​နေတဲ့ မိန်းမကြီးလိုပဲ. ခုတစ်​မျိုး ​တော်​ကြာတစ်​မျိုး. သင်​က သူမကို မမှန်​ပါ​စေနဲ့ဆု​တောင်းရင်​​တော့ သူမက ​သေချာ​ပေါက်​ကို တိကျ​သေချာစွာ ခန့်​မှန်း​ပေးပါလိမ့်​မယ်​.

ဒါ​ကြောင့်​ မိုးဝသခန့်​မှန်းချက်​ဆိုတာ မိန်းမကြီး​နဲ့တင်​ တူတာမဟုတ်​ဘူး ဆက်​ဆံရခက်​တဲ့ လက်​​ပေါက်​ကတ်​တဲ့ ​ယောကျာ်းကြီး​နဲ့လည်း အတူတူပဲ

အဲ့​တော့ ဒီက​နေ့မှာ​တော့ မိုး​လေ၀သဋ္ဌာနရဲ့ ဂုဏ်​ယူဝင့်​ကြွားစွာ ​ကျေညာထားချက်​က​တော့_____ ဒီ​နေ့အတွက်​ရာသီဥတုက​တော့ သာယာပါမယ်​ရှင်​. အားလုံးပဲ ​စော​စောအိပ်​ ​စော​စောထပြီး ​​လေ့ကျင့်​ခန်းများများလုပ်​ကြပါ. ​အိမ်​က ​ဂွမ်း​စောင်​​တွေ ​နေလှမ်းချင်​ကြတယ်​ဆိုရင်​လည်း ​ကျေးဇူးပြုပြီး ​တွေ​ဝေမ​နေပဲ မြန်​မြန်​ပဲ ထုတ်​လှမ်းလိုက်​ကြပါ​နော်

ဝမ်​ကွမ်းနင်​ မနက်​နိုးလာတဲ့အချိန်​မှာ ပြတင်း​ပေါက်​အပြင်​ဘက်​မှာ ​တောက်​ပတဲ့ ​နေ​ရောင်​ခြည်​​​​လေး​တွေ မြင်​​နေရတယ်​. ဒါနဲ့ သူဟာ စန်းစစ်​ရန်​ နဲ့ စာတူတူသွားကျက်​ဖို့ ဆုံးဖြတ်​လိုက်​တယ်

အင်း, ​ယောကျာ်းမှန်​ရင်​ အ​ရေးအကြီးဆုံးအလုပ်​ကို ဦးစား​ပေးရမယ်​. ဒီလို စာ​သေချာလုပ်​ပြီး ​နေ့တိုင်းမိမိကိုယ်​ကို တိုးတက်​​အောင်​ ကြံ​ဆောင်​တယ်​ဆိုတာ တကယ့်​ကို ဂုဏ်​သ​ရေရှိပြီး ​ကောင်းမွန်​တဲ့ ကိစ္စပဲ.

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now