((Zawgyi))
အပိုင်း ၃၈
ဝမ်တဖာလေး : ကျွန်တော့်ရဲ့ နောက်အဖေတစ်ယောက် အိမ်ပြန်လာပြီ!၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိတို့ဟာ ဖူမာအိုခါအိစိ ရုံးခန်းကနေ အတူတူထွက်လာကြတယ်. ကျန်းလင်ရိဟာ ဘောင်းဘီအိတ်တွေထဲ လက်ထည့်လိုက်ရင်း ဂရုမစိုက်သလိုအထာနဲ့ မေးလိုက်တယ်
"ငါ ဒေးဗစ်ဆီက ကြားလာတာ မင်း ငါတို့ကုမ္ပဏီက ကမ်းလှမ်းတာကို ငြင်းလိုက်တယ်ဆို?"
ဝမ်ကွမ်းနင်က တုန့်ပြန်လိုက်တယ် "အင်း"
ကျန်းလင်ရိဟာ မျက်လုံးထောင့်ကနေ မသိမသာနဲ့ သူ့ကိုလှမ်းကြည့်လိုက်ရင်းက "ဘာလို့လဲ?"
ဝမ်ကွမ်းနင်က ပုခုံးတွန့်လိုက်ကာ
"ငါက အခုမှ မြို့တော် G ထဲ ပြန်ရောက်ရုံပဲရှိသေးတာ. ပြီးတော့ ဖူမာအိုခါအိစိ က လတ်တလောမှာ ပြည်မကြီးဈေးကွက်ထဲကို ဖြန့်ကျက်ဖို့ စရုံရှိသေးတယ်. ဒီအချိန်မျိုးမှာ ငါထွက်သွားလို့ မသင့်တော်ဘူးလေ"
ဒါဆိုလည်း မင်းဘာလို့ အဲ့ သောက်ကျိုးနည်း အင်တာဗျူးကြီးကို သွားဖြေသေးလဲ?! မင်းက ငါတို့ ကုမ္ပဏီကို ဟာသလုပ်နေတာလား?
ကျန်းလင်ရိဟာ စိတ်ထဲကနေ မိုးမြေတွေလင်းလိုက်လို့သာ ပြောနိုင်တယ်. သူဟာ တကယ့်ကို ၀မ်ကွမ်းနင်ကို ဖမ်းချုပ်ပစ်လိုက်ပြီးတော့ သူတို့ကုမ္ပဏီက ၀န်ထမ်းတစ်ယောက်ကို သူကြိုက်နေတယ်ဆိုတဲ့အကြောင်း မေးလိုက်ပစ်ချင်တယ်. သူတကယ်ကြီး ရှရင်းချူအပေါ် စိတ်ဝင်စားနေတာလား?
ဒါပေမယ့် ၀မ်ကွမ်းနင်ကို ကြည့်ရတာ အဲ့အကြောင်း ပြောချင်ပုံမရဘူး. ဒါနဲ့ ကျန်းလင်ရိဟာ စိတ်ပျက်လက်ပျက်နဲ့ အဲ့အကြောင်းဆက်မပြောပဲနေလိုက်ဖို့သာ တတ်နိုင်တော့တယ်
သူတို့နှစ်ယောက် ကားပေါ်တက်လိုက်ကြပြီးနောက် ၀မ်ကွမ်းနင်နေတဲ့ ဟိုတယ် တန်ဟွာ ဆီကို မောင်းသွားကြတယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...