((Zawgyi))
အပိုင်း ၂၃
ငါတို့ သွားတူတူတိုက်ကြမယ်......
ဒါ ငါတို့ရဲ့ ပထမဆုံးအနမ်း လုံးဝ မဟုတ်ဘူး!၁၈ ရက်မြောက်နေ့ | မှန်ရှေ့တွင် တူတူမတ်တပ်ရပ်ပြီး သွားအတူတူတိုက်ရန်
ဒီတစ်ခေါက်တော့ ၀မ်ကွမ်းနင် ကျန်းလင်ရိအိမ်ကို လိုက်လာတဲ့ အခါ ကျန်းလင်ရိဟာ ရှေ့အခေါက်က အတွေ့အကြုံတွေရှိပြီးသားဖြစ်နေပြီဆိုတော့ သူ အတော်လေး ကြိုတင်ပြင်ဆင်ထားတယ်. သူဟာ ၀မ်ကွမ်းနင် အလဲအလှယ်ဝတ်ဖို့ အင်္ကျီတွေ သာမက သူ့အတွက် သွားပွတ်တံနဲ့ မျက်နှာသုတ်ပ၀ါ ပါမကျန် ၀ယ်ပေးထားတယ်.
ဝမ်ကွမ်းနင် မျက်နှာသစ် ပလုတ်ကျင်းပြီး စာသွားကျက်မယ်လုပ်တော့ ကျန်းလင်ရိဟာ သရဲတစ်ကောင်လိုပဲ သူ့ဆီ ရုတ်တရတ်ရောက်ချလာတယ်.
"ရှိုရှို, ငါတို့ သရဲကား တူတူကြည့်ရအောင်!"
ကျန်းလင်ရိဟာ ကြောက်စရာကောင်တဲ့ အပြုံးကြီးနဲ့ ပြောလိုက်တယ်. အဲ့ဒါကို မြင်တော့ ၀မ်ကွမ်းနင် သွားတွေ ကျိန်းလာတယ်
"မင်းတစ်ယောက်တည်းနဲ့ပဲ တော်တော် ကြောက်ဖို့ကောင်းနေပြီ သရဲကားကြည့်ဖို့တောင် မလိုတော့ဘူး"
ဝမ်ကွမ်းနင်ဟာ ကျန်းလင်ရိကို စာကြည့်ခန်းထဲ တွန်းကာ အိနြေ္ဒရှိရှိနဲ့ပြောလိုက်တယ်
"ကျန်းလင်ရိ, ငါမင်းကို ခုတည်းက လေးလေးနက်နက်ပြောထားမယ်. မင်း ဒီည စာကြည့်ခန်းထဲကို ၀င်လာခွင့်မရှိဘူး"
"ဘာလို့လဲ!"
ကျန်းလင်ရိဟာ ၀မ်းနည်းပက်လက်ဖြစ်နေတယ်. သူ့ရဲ့ အတွေးတွေက မြင်ကွင်းတစ်ခုကို ရှင်းရှင်းလင်းလင်းကြီး ပုံဖော်ပြနေတယ်. အဲ့မြင်ကွင်းက မင်္ဂလာဦးညမှာ သတို့သမီးက သတို့သားကို မင်္ဂလာအိပ်ခန်းထဲဝင်ခွင့်မပြုတဲ့ မြင်ကွင်း...... ကျန်းလင်ရိ ချက်ချင်းကို အသက်ရှုတွေကြပ်လာသလိုပဲ...
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...