အပိုင်း ၃၅ ၀မ်​ကွမ်းနင်​​ခေါင်းအ​မော့မှာချက်​ချင်း​အေးခဲသွားတယ်​ အဲ့မှာZLY

11K 1.6K 180
                                    

((Zawgyi))

အပိုင်း ၃၅
ဝမ်​ကွမ်းနင်​ ​ခေါင်းအ​မော့မှာ ချက်​ချင်း ​အေးခဲသွားတယ်​_
အဲ့မှာက..ကျန်းလင်​ရိ


မြို့​တော်​ B ရှိ ​နေရာတစ်​ခုမှာ ဖြစ်​တယ်​. အဆင်​မြင့်​အ​နောက်​တိုင်း​စား​သောက်​ဆိုင်​တစ်​ခုရဲ့ ပြတင်း​ပေါက်​​​​ဘေးက စားပွဲတစ်​ခုမှာ လူတျုင်းရဲ့ အမြင်​အာရုံကို စွဲ​ဆောင်​​​နေတဲ့ စုံတွဲတစ်​တွဲ ထိုင်​​နေတယ်​. အဲ့ဒီ ​ချော​မောခန့်​ညား​တဲ့ အမျိုးသားနဲ့ လှပ​ကျော့ရှင်း​သော အမျိုးသမီးတို့ရဲ့ ဖြစ်​တည်​မှု​ကြောင့်​ ​ဘေးစားပွဲဝိုင်း​တွေက စား​သုံးသူတို့ဟာ အချိန်​တိုအတွင်းမှာပင်​ အားကျခြင်း မုန်းတီးခြင်းတို့ ဖြစ်​​ပေါ်လို့လာတယ်

ထိုသူက အရပ်​ကရှည်​ရှည်​ စွဲ​ဆောင်​မှုရှိ​တဲ့ ရုပ်​ရည်​သွင်​ပြင်​နဲ့ ​နာမည်​​ကျော်​ အနုပညာရှင်​တစ်​​ယောက်​အလား. သူ့နှုတ်​ခမ်း​​ပေါ်က ခပ်​​ဖျော့​ဖျော့အပြုံးဟာ ​ကောင်​မ​လေးများကို စိတ်​မထိန်းနိုင်​ဖြစ်​ကာ ​အော်​ဟစ်​​ကြွေဆင်းသွား​စေနိုင်​တယ်​. ထိုသူဟာ ကိုးရီးယား ဒရာမာရုပ်​ရှင်​ကား​တွေထဲကလို့ အ​နောက်​တိုင်းဝတ်​စုံကို အဆင့်​တန်းမြင့်​စွာ အပြစ်​အနာအဆာမရှိ ၀တ်​ဆင်​လို့ထားတယ်​. ဒါ့​ကြောင့်​ သူ့ရဲ့ တမူထူးခြား​တဲ့ အ​ရောင်​အ၀ါ​တွေက ပိုမို ​ပေါ်လွင်​​နေတယ်​.

ထိုသူ့ အ​ရှေ့မှာရှိတဲ့ အမျိုးသမီးဟာလည်း ညှို့ဓာတ်​ပြင်းပြီး စွဲ​ဆောင်​မှုရှိသူုဖြစ်​တယ်​. သူမနှုတ်​ခမ်း​တွေဟာ ရဲရဲနီ​နေပြီး သူမ၀တ်​ထားတဲ့ ည​နေခင်းဂါဝန်​ဟာ အိစက်​နူးညံ​နေတဲ့ သူမရဲ့ ရင်​သားတစ်​၀က်​​လောက်​ကို လှစ်​ဟလို့ထားတယ်​. ဒီမြင်​ကွင်းကို ကြည့်​တာနဲ့တင်​ ထိုသူနဲ့ မျက်နှာချင်းဆိုင်​ထိုင်​​နေတဲ့ ​သူမတို့ကြားမှာ သိပ်​မကြာခင်​ဘယ်​အချိန်​မဆို တစ်​ခုခု​တော့ ဖြစ်​လာ​တော့မယ့်​ အတိုင်းပဲ.

"မန်​​နေဂျာ ကျန်း, ဒီတစ်​​ခေါက်​ အလုပ်​ကိစ္စနဲ့ ခရီးထွက်​လာတာ မြို့​တော်​ B မှာ ဘယ်​​လောက်​ကြာကြာ​နေမှာလဲ?"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now