အပိုင်း ၄ မပူနဲ့, ​ယောကျာ်း​လေး​တွေအတွက်​ စုံတွဲအကျီဆိုတာ မရှိဘူး

18.1K 2.3K 128
                                    

((Zawgyi))

အပိုင်း ၎
မပူနဲ့, ​ယောကျာ်း​လေး​တွေအတွက်
စုံတွဲအကျီဆိုတာ မရှိဘူး

ပထမ​နေ့ | လမ်း​ပေါ်တွင်​ စုံတွဲအကျီ ဆင်​တူဝတ်​ရန်

ဒီနေ့တော့ နေသာပီး ရာသီဥတုကလည်း သာသာယာယာပဲ တောင်ပိုင်းရဲ့ ဆောင်းတွင်းတွေထဲမှာတော့ ဒီနေ့လို နေ့မျိုးက ရှားရှားပါးပါးပဲ အဲ့ထက်ပိုပြီး ရှားပါးတာက မီးနဲ့ရေ လို မတည့်တဲ့ F ယူနီဗာစီတီက နာမည်ကြီး နှစ်ယောက် ဟာ နောက်တစ်ကြိမ် နောက်တစ်ဖန် လိုလိုလားလားနဲ့ တွေ့ဆုံကြပြန်တာပဲ

"မင်း ဘယ်လို အကျီကြီး ဝယ်ထားတာလဲ?"

ဝမ်ကွမ်းနင်က သူ မမျှော်လင့်ထားတဲ့ ကျန်းလင်ရိရဲ့ရုပ်ကြီးကိုကြည့်လိုက်ကာပြောတယ်. ကျန်းလင်ရိဟာ အလုပ်အင်တာဗျူး သွားဖြေမယ့်လူတွေသာ ဝတ်လေ့ရှိတဲ့ အနောက်တိုင်း ပွဲတက်ဝတ်စုံကြီးကို ကျကျနန ဝတ်ကာ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းဖို့ကြိုးစားနေတယ်.

ဝမ်းကွမ်းနင်ရဲ့အပြောကို ​​ကျန်းလင်ရိက ပေါ့ပေါ့ပါးပါးပဲ 'မတတ်နိုင်ဘူးလေ' ဆိုတဲ့ရုပ်နဲ့ ပုခုံးတွန့်ပြတယ်

"ငါတို့ အမဲရောင် အကျီင်္ ဝတ်ဖို့ပဲ သဘောတူထားတာမလား? ဒီအကျီက ငါစပွန်ဆာ နဲ့ တွေ့တဲ့အခါကျဝတ်ဖို့ဝယ်ထားတဲ့ တစ်စုံတည်းသော အကျပဲ"

အဲ့ဒါတော့ အမှန်ပဲ. ကျောင်းသားသမ္မဂ ရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကျန်းလင်ရိဟာ မကြာခဏဆိုသလို ထောက်ပံ့သူစပွန်ဆာတွေနဲ့ တွေ့ဆုံ ဆက်ဆံရတယ် အထူးသဖြင့် အထက်တန်းလွှာတွေပေါ့!

"မင်းက ယောကျာ်းလေးဖြစ်ပြီးတော့ အကျီအနက်လေး တစ်ထည်တောင် မပိုင်ဘူးလားကွာ?"

ဝမ်ကွမ်းနင်ဟာ ခွင့်မလွှတ်နိုင်တဲ့ လေသံနဲ့ပြောလိုက်တယ်.
ဒီလို အကျီအမဲလေး တစ်ထည်တောင် မရှိတဲ့ ကြေးစားကောင်ကများ အပေါ်ကနေမယ့် လူတဲ့.

ဝမ်ကွမ်းနင် တွေးရင်း တကယ်ကို သေချင်စိတ်ပေါက်သွားတယ်!

ကျန်းလင်ရိက နှုတ်ခမ်းထောင့်လေးတေကွေးသွားကာ

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now