((Zawgyi))
အပိုင်း ၁၁
စာကြည့်တိုက်မှာ စာတူတူဖတ်မယ်
စာဖတ်လို့ မောလာရင် မော့ပြီး
တစ်ယောက်မျက်နှာတစ်ယောက်
နူးနူးညံ့ညံ့လေး စိုက်ကြည့်နေမယ်၈ရက်မြောက်နေ့ | စာကြည့်တိုက်မှာ စာအတူတူဖတ်ရန် စာဖတ်ရင်းမောလာလျှင် တစ်ယောက်ကိုတစ်ယောက် ခေါင်းမော့ကာ နူးညံ့စွာ စိုက်ကြည့်ကြရန်
မနက်စောစောစီးစီးပဲ ကျန်းလင်ရိရဲ့ အဆောင်တံခါးဟာ မိုးချိမ်းသံလို တုန်ဟီးသွားတယ်. အဆောင်ထဲက တခြားသူတွေကတော့ စာကျက်ဖို့ထွက်သွားကြပြီဖြစ်လို့ ကျန်းလင်ရိ တစ်ယောက်သာလျှင် အိပ်ရာထဲမှာ ကျန်ခဲ့တယ်
"လာပြီဗျို့"
ငှက်သိုက်လိုဆံပင်နဲ့ နာမည်ကြီးကျန်းဟာ စိတ်ပျက်တဲ့ မျက်လုံးတွေနဲ့ အဆောင်တံခါးကို စိတ်ပျက်စွာ ထဖွင့်လိုက်တော့ ၀မ်ကွမ်းနင်ဟာ စာအုပ်တွေ ပိုက်ကာ တံခါးအပြင်မှာ ရပ်နေတယ်
အဲ့ဒါကိုလဲမြင်ရော ကျန်းလင်ရိ စိတ်တွေတက်ကြွသွားတယ်
"ငါ့ကို ခဏစောင့်"
ကျန်းလင်ရိဟာ အလျင်အမြန် အဆောင်ထဲ ပြန်ပြေးဝင်သွားတယ်. သူဟာ သွားတိုက်ပြီး အင်္ကျီတွေ ကောက်စွပ်လိုက်တယ်. သူ ပြန်ထွက်လာတော့ စုစုပေါင်း အချိန် ဆယ်မိနစ်တောင် မကြာလိုက်ဘူး သူ့ပုံစံက ခုတော့ စာအုပ် တစ်ထပ်ကို ပိုက်ကာ တလက်လက် တောက်ပနေတယ် အထူးသဖြင့် သူ့မျက်နှာက နေမင်းကြီးလို အားအင်အပြည့်နဲ့........
"ရှိုရှို, သွားရအောင်"
ဝမ်ကွမ်းနင် မတတ်သာပဲ သက်ပျင်းချလိုက်တယ်. ကျန်းလင်ရိဟာ ပြေးခုန်ပစ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်တာလည်း မပြောနဲ့ သူ့အမြန်နှုန်းက တကယ့်ကိုပဲ......
ကျန်းလင်ရိ အိပ်ရာထဲမှာ ပျင်ရိပျင်းတွဲလုပ်နေပေမယ့် ၀မ်ကွမ်းနင်ရဲ့ အချိန်မှန်တတ်တဲ့ ကျေးဇူးနဲ့ သူတို့ဟာ စာကြည့်တိုက်မှာ မျက်နှာချင်ဆိုင် နေရာနှစ်ခုကို ရှာတွေ့သွားတယ်
YOU ARE READING
အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)
RomanceF ယူနီဗာစီတီ ရဲ့ စွဲဆောင်မှု အရှိဆုံး ယောကျာ်း နှစ်ယောက်.... ၀မ်ကွမ်းနင် နဲ့ ကျန်းလင်ရိ ထိုလူငယ် နှစ်ဦးမှာ မည်သည့်ကိစ္စတွင်မဆို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြမည်ဟု ကြွေးကြော်ကာ အမြဲပင် ယှဉ်ပြိုင်နေသော လူ နှစ်ယောက် သူတ...