အပိုင်း ၅ ​ဂေးစုံတွဲေ​တွ'​လေ့ကျင့်​ခန်း'တူတူလုပ်​ရင်​လွယ်​လွယ်​နဲ့ဒဏ်​ရာရနိုင်

16.7K 2.2K 63
                                    

((Zawgyi))

အပိုင်း ၅
"​ဂေးစုံတွဲေ​တွ'​လေ့ကျင့်​ခန်း'တူတူလုပ်​ရင်
လွယ်​လွယ်​နဲ့ ဒဏ်​ရာရလိမ့်​မယ်​"

ဒုတိယ​နေ့ | အတူတူ​ပြေးခြင်း ​လေ့ကျင်ခန်းလုပ်​ခြင်းနှင့်​ ဘက်​စကတ်​​ဘောကစားခြင်း

ဒီ​နေ့လည်း ရာသီဥတုက ​ခြောက်​​သွေ့သာယာ​နေတယ်

ဝမ်​ကွမ်းနင်​ နဲ့ ကျန်းလင်​ရိတို့ဟာ အားကစားဝတ်​စုံ ကိုယ်​စီဝတ်​ပြီး အ​ပြေးကွင်းရဲ့ အတွင်းဆုံးလိုင်းမှာ ချစ်​ချစ်​ခင်​ခင်​နဲ့ ​တွေ့ဆုံကြပြန်​တယ်

"ဒီအ​ပြေးကွင်းကို တူတူပတ်​​ပြေးဖို့ဆိုတဲ့ ရူး​ကြောင်​​ကြောက်​အ​တွေးက တကယ်​​ကော ငါတို့​တွေ ​ဂေး ဖြစ်​တယ်​ဆိုတာကို ​ပေါ်လွင်​​​ နိုင်​ပါ့မလား?"

ဝမ်​ကွမ်းနင်​ဟာ အလွန်​အမင်း သံသယဖြစ်​​နေပုံ​ပေါ်တယ်

"အဲ့လိုမလုပ်​လို့ ဘာလုပ်​ရမှာတုန်း?"

ကျန်းလင်​ရိက မျက်​စိတစ်​ဖက်​ မှိတ်ပြလိုက်​ရင်း

"မင်းက ​​ပြေး​နေတုန်းမှာ​ကော လက်​ကိုင်​ထားချင်​လို့လား?"

ဝမ်​ကွမ်းနင်​က ထိုအ​ကြောင်းကို​တွေးကာ လက်​နှစ်​ဖက်​ကို လိမ်​ရင်း​ပြောသည်

"ငါတို့ ဒီတိုင်းပဲ လုပ်​ကြတာ​ပေါ့"

ရလဒ်​က​တော့ အ​ပြေးကွင်းအလယ်​မှာ သမိုင်းဝင်​ မြင်​ကွင်းတစ်​ခု ပြန်​လည်​​ပေါ်​ပေါက်​လာသည်

ကျောင်းနာမည်​ကြီးနှစ်​​​ယောက်​ ဖြစ်​တဲ့ ၀မ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့ဟာ နှစ်​​ယောက်​အတူတူ ခပ်​ဖွဖွ​လေး​ပြေး​နေကြတယ်​ သူတို့နှစ်​​ယောက်​ကို ကြည့်​ရတာ အ​တော်​​လေးကို ရင်းနှီး​​​နေပုံ​ပေါ်​တယ်

ကံမ​ကောင်းစွာပဲ မနက်​ဘက်​ဆို​တော့ လူ သိပ်​မရှိ​သေးဘူး
အခါအား​လျော်​စွာ ကွင်းနားက​နေ အိပ်​ချင်​မူးတူးနဲ့ လူတချို့ ဖြတ်​သွားကြတဲ့အခါ လူတို့​​​တွေအားလုံးဟာ သူတို့အမြင်​အာရုံ​တွေေ၀၀ါးကုန်​ပီလို့​တောင်​ ထင်​သွားကြတယ်​ သူတို့ဟာ ချက်​ချင်းဆိုသလို သူတို့မျက်​လုံး​​တွေ့ ပွတ်​ပြီး ကြည့်​လိုက်​တယ်​ သူတို့လည်း ကြည့်​လို့ ပြီး​ရော ၀မ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့ရဲ့ မနက်​ခင်းအ​ပြေး​လေ့ကျင့်​ခန်းဟာလည်း ပြီးသ​လောက်​ရှိသွားပြီ

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now