အပိုင်း ၁၉ က​လေးရဲ့နာမည်​ကို ဘယ်​သူ့မျိုးရိုးနာမည် ​ပေးသင့်​သလဲဆိုတာ....

11.2K 1.6K 171
                                    

((Zawgyi))

အပိုင်း ၁၉
က​လေးရဲ့နာမည်​ကို ဘယ်​သူ့မျိုးရိုးနာမည် ​ပေးသင့်​သလဲဆိုတာ.... မင်းတို့ တကယ်​ပဲ အဓိက အ​ချက်​ကို မစဉ်းစားမိဘူးလား?

၁၅ ရက်​​မြောက်​​နေ့ | ပန်းအိုး​လေးနဲ့ အပင်​​လေးတစ်​ပင်​စိုက်​ရန်​ ပြီး​တော့ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အပင်​​လေးကို ​ရေ​လောင်းဖို့ သတိ​ပေးကြရန်​. အပင်​​လေးကို ​နေ​ရောင်​​အောက်​ထားကာ ​နေပူစာ ​ပေးလှုံရန်

စန်းစစ်​ရန်​ဟာ ဒီ​နေ့က အလွန်​ထူးဆန်းတဲ့ ​နေ့လို့​တွေး​နေတယ်​. အမြဲတမ်း မနက်​​စော​စောထတတ်​တဲ့ ၀မ်​ကွမ်းနင်​က ဒီ​နေ့​တော့ ​နေဖင်​ထိုး​အောင်​ အိပ်​​နေ​တယ်​တဲ့!

သူ ​ခေါင်းနဲနဲ​ထောင်​လိုက်​ကာ နာမည်​​ကျော်​ ၀မ်​ ကို လှမ်းကြည့်​လိုက်​တယ်​. နာမည်​​ကျော်​၀မ်​ဟာ ​စောင်​ခြုံထဲမှာ ​ကွေး​နေတယ်​. သူနှိုးစက်​​ပေးဖို့ ​မေ့​နေတာများလားလို့ စန်းစစ်​ရန်​ ​တွေး​လိုက်​တယ်​. စန်​စစ်​ရန်​ ခပ်​တိုးတိုးပဲ သက်​ပြင်းချလိုက်​ကာ ​ပြောလိုက်​တယ်

"ကွမ်းနင်​, အိပ်​ရာထဖို့ အချိန်​​ရောက်​ပြီ"

ဝမ်​ကွမ်းနင်​က ​စောင်​ခြုံထဲက​နေ အိပ်​ချင်​မူးတူးနဲ့ ​ခေါင်းပြူကြည့်​တယ်​. အဲ့​နောက်​ သူလှမ်း​မေးလိုက်​တယ်

"ဘယ်​အချိန်​ရှိပြီလဲ?"

စန်းစစ်​ရန်​ က သူ့ဖုန်းကို ကြည့်​လိုက်​ကာ

"၉ နာရီ ထိုး​တော့မယ်​. စာကြည့်​တိုက်​မှာ ထိုင်​ခုံ ​တောင်​ ကျန်​မှာ မဟုတ်​​တော့ဘူး"

"အိုး, ရတယ်​ ကိစ္စ မရှိဘူး. ငါ ဒီ​နေ့ အ​ဆောင်​မှာပဲ စာဖတ်​ပြီး revision ပြန်​​တော့မယ်​"

ဝမ်​ကွမ်းနင်​က ​ပြော​ရင်း ကုတင်​​အောက်​ကို ဆင်းလာတယ်

"ဒီရက်​​တွေမှာ မင်း တခုခု​တော့ လွဲ​နေသလိုပဲ!"

စန်းစစ်​ရန်​ က​ခေါင်းကုတ်​ကာ စိတ်​ရှုပ်​တဲ့ပုံနဲ့ ​ပြောလိုက်​တယ်
"အာ, အဲ့ဒါ ကျန်းလင်​ရိနဲ့များ ပတ်​သတ်​​နေသလား?"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now