အပိုင်း ၅၃ တစ်​ဖက်​လူကို ကိုယ့်​မိသားစုဝင်​​တွေနဲ့ ​တွေ့​ပေးမယ်

17.4K 1.5K 281
                                    

🔞
((Zawgyi))

အပိုင်း ၅၃
တစ်​ဖက်​လူကို ကိုယ့်​မိသားစုဝင်​​တွေနဲ့ ​တွေ့​ပေးမယ်


၂၉ ရက်​​မြောက်​​နေ့ | တစ်​ဖက်​လူကို ကိုယ့်​မိသားစုဝင်​တွေနဲ့ ​တွေ့​ပေးရန်

အစက​တော့ ၀မ်​ကွမ်းနင်​က တတိယ​မြောက်​ညမှ ​ဟောင်​​ကောင်​က​ ပြန်​​ရောက်​မှာဖြစ်​တယ်​. ဒါ​ပေမယ့်​ သူက သူ့နှလုံးသားရှိရာဆီကို မြားတစ်​စင်းလိုပဲ အလျင်​အမြန်​ပြန်​လာခဲ့တယ်​. ဒါနဲ့ တတိယ​မြောက်ေ​န့ရဲ့ မနက်​​စော​စောမှာ ၀မ်ကွမ်းနင်​​​ဟာ ပစ္စည်း​တွေနဲ့အပြည့်​ဖြစ်​သွားတဲ့ သူ့ရဲ့လက်​စွဲ​တော်​ ခရီး​ဆောင်​​သေတ္တာကြီးနဲ့ အတူ ပြန်​​ရောက်​လာခဲ့တယ်

သူဟာ ရုံးပိတ်​ရက်​​နေ့မှာ အ​သေအချာပြန်​လာခဲ့တယ်​. ပြီး​တော့ ၀မ်​ကွမ်းနင်​က ကျန်းလင်​ရိကို အံ့သြသွား​စေချင်​တာ​ကြောင့်​ သူပြန်​လာမယ်​ဆိုတဲ့အ​ကြောင်းကို ကြိုမ​ပြောထားပဲ သူ့မှာရှိတဲ့ ​​သော့နဲ့ အိမ်​တံခါးကိုဖွင့်​ပြီး ၀င်​လာလိုက်​တယ်

"ငါပြန်​လာပြီ"

ဝမ်​ကွမ်းနင်​ဟာ ၀မ်​သာရွှင်​မြူးစွာနဲ့ ​အိမ်​ထဲကို လမ်း​လျှောက်​ပြီးဝင်​လာတယ်​. ဒါ​ပေမယ့်​ အဲ့ချိန်​မှာ ဧည့်​ခန်းထဲမှာ လူသုံး​ယောက်​ထိုင်​​နေတာ သူ ​တွေ့လိုက်​တယ်​. ထိုင်​​နေတဲ့သူ​တွေထဲမှာ ကျန်းလင်​ရိအပြင်​ သူတစ်​ခါမှ မမြင်​ဘူးတဲ့ သက်​လတ်​ပိုင်း အမျိုးသားနဲ့ အမျိုးသမီးစုံတွဲတစ်​တွဲလည်း ရှိ​နေတယ်

ဝမ်​ကွမ်းနင်​ : "......"

ဝမ်​ကွမ်းနင်​ မျက်​နှာ​ပေါ်က အပြုံး​တွေဟာ အဲ့​နေရာမှာတင်​ ​အေးခဲသွားတယ်

"ကွမ်းနင်​ မင်း ဘယ်​လိုဖြစ်​ပြီး ဒီအချိန်​ကြီး ပြန်​​ရောက်​လာတာလဲ?"

ကျန်းလင်​ရိက ချက်​ချင်းပဲ လန့်​ဖြန့်​သွားကာ မတ်​တပ်​ထရပ်​လိုက်​တယ်​. သူ့မျက်​နှာက ရုတ်​တရတ်​ကြီး ​တောင့်​တင်းသွားတယ်

ဝမ်​ကွမ်းနင်​က​ သူ့ကို နားမလည်​တဲ့ပုံနဲ့ ကြည့်​လိုက်​တယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now