အပိုင်း ၅၀ ဇွန်​ဘီ​တွေ လာတိုက်​သွားကြပြန်​ပြီ

16.3K 1.7K 144
                                    

((Zawgyi))

အပိုင်း ၅၀
ဇွန်​ဘီ​တွေ လာတိုက်​သွားကြပြန်​ပြီ


သူတို့နှစ်​​ယောက်​ ညဉ့်​နက်​တဲ့အထိ ချစ်​ရည်​လူးခဲ့ကြတယ်​. နှစ်​​ယောက်​လုံး ​နောက်​ဆုံးမှာ အားအင်​ကုန်​ခမ်း​သွားကြမှပဲ တစ်​​ယောက်​ကိုတစ်​​ယောက်​ ​ပွေ့ဖက်​ကာ အိပ်​ရာဝင်​ခဲ့ကြတယ်

နောက်​တစ်​​နေ့မနက်​မှာ​တော့ ၀မ်​ကွမ်းနင်​က မူး​နောက်​​နောက်​နဲ့ အိပ်​ရာကနိုးလာတယ်​. သူဟာ ဒီတစိမ်းဆန်​​တဲ့ အခန်းထဲကို လှည့်​ပတ်​ကြည့်​လိုက်​ပြီးမှ ဒါ ကျန်းလင်​ရိရဲ့အခန်းဆိုတာ သူသတိရသွားတယ်

ကျန်းလင်​ရိက​တော့ ​ဘေးမှာရှိမ​နေဘူး. သူဟာ အရင်​နိုးလာပြီး ၀မ်​ကွမ်းနင်​အိပ်​​နေတာကိုမြင်​​တော့ မနိုးရက်​တာနဲ့ အရင်​ အိပ်​ရာထသွားတာဖြစ်​မယ်

ဒီလိုဆို​တော့လည်း​ ​ကောင်းတာပဲ. ၀မ်​ကွမ်းနင်​ဟာ မ​နေ့ညက သူတို့နှစ်​​ယောက်​ရဲ့ အရူးအမူးအချိန်​​တွေကို ပြန်​သတိရသွားတယ်​. သူ့နားရွက်​​တွေ အခုထိထူပူ​နေတုန်းပဲ ဒါ​ပေမယ့်​ တစ်​ချိန်​တည်းမှာပဲ သူ့နှလုံးသားထဲမှာ ​ပြောမပြနိုင်​​လောက်​​အောင်​ ​ကျေနပ်​​နေတယ်

နောက်​ဆုံး​တော့ သူတို့ အတူတူ​နေနိုင်​ပြီ!

ဝမ်​ကွမ်းနင်​ ကိုယ်​ကိုနည်းနည်း​ရွေ့လိုက်​တယ်​. ဒါ​ပေမယ့်​  သူ့ခါး​အောက်​ပိုင်းက​နေ အပြင်းအထန်​နာကျင်​လာတယ်

ဖာ့ခ်​! ​သေသင့်​တဲ့ ကျန်းလင်​ရိ!

ဝမ်​ကွမ်းနင်​ တိတ်​တိတ်​​လေး ညီးတွားလိုက်​တယ်​. သူကသူ့ခါး​လေးကို ဖြည်းဖြည်း​ချင်းမှီရင်း အိပ်​ရာ​ပေါ်က​နေ ထလိုက်​တယ်

ကျန်းလင်​ရိ အိပ်​ခန်းဟာ ​နေရာကျယ်​၀န်းပြီး ၀မ်​ကွမ်းနင်​အခန်းထက်​လည်း ပိုမိုကျယ်​၀န်းတယ်​. ပြတင်း​ပေါက်​မှန်​ကြီး​တွေဟာ ကြမ်းပြင်​က​နေ မျက်​နှာကျတ်​ထိ​အောင်​မြင့်​မားကာ ၀ရံတား​သေး​သေး​လေးနဲ့ ဆက်​သွယ်လို့ထားတယ်​. ဒါ​ပေမယ့်​ အခု​တော့ အဲ့ဒီပြတင်း​ပေါက်​​တွေက ထူထပ်​တဲ့ ခန်းစည်းလိုက်​ကာ​တွေနဲ့ ကာထားတာ​ကြောင့်​ တစ်​ခန်းလုံးဟာ အလင်း​ရောင်​ ခပ်​မှိန်​မှိန်​​လေးသာရှိ​နေတယ်

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now