အခန်း ၇ သင့်​ရန်​သူ​တော်​ကြီးရဲ့ မျက်​နှာကို ဖုန်းwallpaperထားဖို့

14.8K 2K 104
                                    

((Zawgyi))

အခန်း
သင့်​ရန်​သူ​တော်​ကြီးရဲ့ မျက်​နှာကို
ဖုန်း wallpaperထားဖို့ ဆိုတာ
တကယ်​​ရော ကျိုး​ကြောင်း ဆီ​လျော်​ရဲ့လား?

စတုတ္ထ​နေ့ | အတူတူဓာတ်​ပုံရိုက်​ပြီး​ တစ်​​ယောက်​ပုံကိုတစ်​​ယောက်​ ဖုန်းထဲမှာ အပြန်​အလှန်​ Wallpaper ထားရန်

အတွဲ​တွေ တစ်​​ယောက်​ပုံကိုတစ်​​ယောက်​ သူတို့ရဲ့ ဖုန်းမှာ Wallpaper အပြန်​အလှန်​ထားကြတဲ့ ကိစ္စကို ၀မ်​ကွမ်းနင်​ဟာ အမြဲလိုလို နားမလည်​ဖို့ ခက်ခဲ့တယ်

သူ့ရဲ့ အသက်​ ဆယ်​စုနှစ်​ ၂ခုစာ​​အ​တောအတွင်းမှာ ​ကောင်​မ​လေး​တော်​​တော်​များများဟာ သူတို့ရဲ့ပုံ​တွေကို သူ့ဖုန်းမှာ Wallpaper ထားဖို့ ကြိုးစားခဲ့ကြတယ်​ ဒါ​ပေမယ့်​ သူက အားလုံးကို ငြင်းခဲ့တယ်​____ သူရဲ့ ​နောက်​ခံ background ပုံဟာ အမြဲ 'SpongeBob Square pants´ ပဲ!

ေ​သချာတာ​​ပေါ့ တခြားပုံ​တွေကို သူ့ Wallpaper အဖြစ်​မသုံးရခြင်း အ​ကြောင်းကေ​တာ့ ____ ရှင်းရှင်း​လေးရယ်​ ဘာလို့လဲဆို​​ သူစိတ်​ထဲမှာ အခြားသူ​တွေဟာ သိပ်​အရုပ်​ဆိုးလို့ပဲ

ဒါ​ပေမယ့်​ ဒီတ​ခေါက်​​တော့ သူ Wallpaper ထားရမယ့်​ သူက ကျန်းလင်​ရိဖြစ်​​​နေတယ်​ ကျန်းလင်​ရိရဲ့ နားလည်​ရခက်​တဲ့ပုံက သူတို့ ရည်​ရွယ်​ချက်​နဲ့ ကိုက်​ညီတယ်​လို့​ သူ​တွေးမိတယ်​ သူ ​ဒေါသကြီးပြီး စိတ်​၀င်​စားဖို့မ​ကောင်းတာကလွဲရင်​​ပေါ့

ဝမ်​ကွမ်းနင်​နဲ့ ကျန်းလင်​ရိတို့မှာ ဒီ​နေ့တစ်​​နေ့လုံး အတန်းချိန်​​တွေ အပြည့်​ပဲ ကံ​ကောင်းတာက ဓာတ်​ပုံရိုက်​တာ အချိန်​အများကြီးမလိုဘူး​လေ သူတို့နှစ်​​ယောက်​ဟာ ဓာတ်​ခွဲခန်းနဲ့ လက်​​တွေ့သင်​ကြား​ရေးအ​ဆောင်​ရဲ့ ​အောက်​ဆုံးထပ်​မှာ ​တွေ့ကြတယ်

"လာ. ဒီက 'ကုန်​´(အ​ပေါ်ကလူ)က အများနဲ့မတူ တမူထူးခြား ​ယောကျာ်းပီသတဲ့ ဓာတ်​ပုံ​တွေ ရိုက်​​ပြီး မင်းကို​ပေးမယ်​"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now